Print
News and Activities
Hits: 2225

(၂၂ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် (Community Participation toward Universal Access to TB/MDR-TB project)၏ မြို့နယ်အဆင့် စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မတ်လ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးပွဲသို့ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဆန်းမင်းထွန်း ၊ တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစောနွဲ့နွဲ့မြင့်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ခရမ်းမြို့နယ် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများနှင့် စီမံချက်ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

S2


အခမ်းအနားတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးဆန်းမင်းထွန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစောနွဲ့နွဲ့မြင့်က ခရမ်မြို့နယ်တွင် လိုအပ်လျှက်ရှိသည့် ကျန်းမာရေးလုပ်ငန်းများတွင် ဝိုင်းဝန်းအားဖြည့်ပေးသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား ကျေးဇူးတင်ကြောင်း၊ လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်ကို တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟိုရုံးခွဲ-ရန်ကုန်)မှ လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း နှင့် လိုအပ်သောအကူအညီများကိုလည်း ပေးနိုင်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

S3

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကိုယ်စား ဦးမြသွင် (ကျန်းမာရေးမှူးအဆင့်-၁ ငြိမ်း)က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ပေါ်ပေါက်လာပုံ၊ အသင်း၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ နှင့် ယခုဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဘဏ္ဍာရေးမှူး ဦးမျိုးတင့်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ခရမ်းမြို့နယ်တွင် ဆောင်ရွက်မည့်တီဘီစီမံချက်အကြောင်း အသေးစိတ်ကို စီမံချက်မန်နေဂျာ ဒေါ်နွေဧမြထွန်း ကပြည့်စုံစွာ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ပါသည်။
ပြန်ကြားရေး/မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း