Print
News and Activities
Hits: 2496

သံတွဲ၊ (၂၀၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၏ စီမံချက်ဝန်ထမ်းများမှ သံတွဲမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအ သင်းဝင်များအား “ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီစွာ ရရှိရေးစီမံချက်” နှင့်ပတ်သက်ပြီး တွေ့ဆုံအသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် (၁၀) နာရီအချိန်တွင် လင်းသာကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


ပထမဦးစွာ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ၏ စီမံချက်ဝန်ထမ်းများနှင့် သံတွဲမြို့နယ်မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းဝင်များ အားလုံးမှ အပြန်အလှန် မိတ်ဆက်ကြပါသည်။ အဖွင့်အမှာစကားကို ရခိုင်ပြည်နယ်ကျန်းမာရေးမှူးအသင်းဥက္ကဌ ဆရာဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေး မှူး အသင်း၏ စီမံချက်မန်နေဂျာ ဒေါ်ဝါဝါအောင်မှ စီမံချက်ဆိုင်ရာလုပ်ငန်းများအကြောင်းကို တက်ရောက်လာသော အသင်းဝင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Picture 2

Picture 1

စီမံချက် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် ကြွရောက်လာကြသော အသင်းဝင်များ ကမေးမြန်းဆွေးနွေးသော အကြောင်းအရာများကို စီမံချက်မန်နေဂျာနှင့်တကွ စီမံချက် ဝန်ထမ်းများက ပြန်လည်ဖြေကြားခဲ့ပါသည်။ နေ့လည်(၁) နာရီတွင် အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါ သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ကျန်းမာရေးအသင်းဝင် (၁၁) ဦး နှင့် စီမံချက်ဝန်ထမ်း (၄) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း