မာန်အောင်မြို့၊ (၁၊ မတ်လ၊ ၂၀၁၉ခုနှစ်)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (MHAA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီရရှိရေး” စီမံချက် (Promoting Access to Health in Rakhine State Project) ၏ မြို့နယ်အဆင့် စီမံချက်အကြောင်း အသိပေးရှင်းလင်းခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့ နေ့လယ် (၁) နာရီ မှ (၃) နာရီ အထိ မာန်အောင်မြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ NGO၊ INGO အဖွဲ့များမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးမြင့်လှိုင် နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်း တို့က ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Welcome Speech by Township Medical Officer Dr. Than Tun

Opening Speech by General Administration Officer

ဆက်လက်၍ မာန်အောင်မြို့နယ် PATH-R Project ၏ စီမံချက်အရာရှိ ဦးသစ်လွင်ဦးက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအကြောင်း နှင့် PATH-R Project မှ ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် တက်ရောက်လာသော မိတ်ဖက်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက PATH–R Project နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် သိရှိလိုသော အချက်များအကြောင်း ဆက်လက်မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း