Print
News and Activities
Hits: 3001

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ (ဇွန်လ ၁၁ ရက် ၂၀၁၉ ခုနှစ်)


ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီစွာ ရရှိရေးစီမံချက်ရန်ပုံငွေဖြင့် တောင်ကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေး အသိပညာ မြှင့်တင်ခြင်း အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာ၌ ကျင်းပခဲ့ပါသည်။

2
အခမ်းအနားတွင် ရွာမကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူအသင်းမှ စီမံချက်အရာရှိ ဦးရဲမျိုးထက်က စီမံချက်ဆိုင်ရာ အချက်အလက်များ နှင့် အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

 

 

 

 

 

 

 

 

 

ထို့နောက် သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာမြှင့်တင်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ရွာမကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၏ အမျိုးသမီးကျန်းမာရေးဆရာမကြီး ဒေါ်သန်းသန်းရီမှ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားစေသောအကြောင်းရင်းနှင့် ရောဂါလက္ခဏာများ အကြောင်းကိုလည်းကောင်း၊ သားဖွားဆရာမ ဒေါ်ယဉ်ယဉ်နွယ်မှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ခြင်ပေါက်ဖွားမှုနှင့် ခြင်အန္တရာယ်လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်ကုတ်မြို့နယ် ကူးစက်ရောဂါနှိမ်နင်းရေး ဌာနမှ ခြင်ဆေးမှုတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ဆောင်ရန် ရှောင်ရန်အချက်များအား အသိပညာပေးရှင်းလင်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများ ရွာမ ကျေးရွာ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ နှင့် ကျေးရွာသူ ကျေးရွာသား စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း