Print
News and Activities
Hits: 2544

ရန်ကုန် (ဇွန်လ ၂၁ ရက် ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်၏ လမ်းညွှန်မှုဖြင့် ဒု-ဥက္ကဌ ဦးမြသွင်၊ အတွင်းရေးမှူး ဦးဌေးအောင်နှင့် Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အဖွဲ့ကို ဇွန်လ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ဂေဟာတွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ ဦးမြသွင်က အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ရာထူးအခွင့်အလမ်းများတိုးတက်ရေး၊ ကျန်းမာရေးမှူးများနှင့်သက်ဆိုင်သည့် အမည်နာမများ သတ်မှတ်နိုင်ရေးနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လိုအပ်သည့်အချက်များ ဖြည့်စည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ ဦးမြသွင်နှင့်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက်တွေ့ဆုံ

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ ဦးမြသွင်နှင့်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက်တွေ့ဆုံ