Print
News and Activities
Hits: 2452

ရန်ကုန် (ဇွန်လ ၂၃ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တို့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအတွက် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွှတ်မှုကို တည်ဆောက်နိုင်သော ဖွဲ့စည်းပုံစည်းမျဉ်းဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကို ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး ၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ ဦးမြသွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ ဦးမြသွင်မှ အမှာစကားပြောကြားခဲ့ကာ အသင်းဥက္ကဌဟောင်း ဦးအေးမြင့်မှ အသင်းစီမံခန့်ခွဲမှု၊ ဖွဲ့စည်းပုံစည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ “အသင်းရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဆိုတာ ဒီအသင်းကြီးရဲ့ အသက်ပါ။ ဒီအသင်းကြီး ဆက်လက်ရှင်သန် ဖွံ့ဖြိုးအောင် ယခုဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံးက ဝိုင်းဝန်းပါဝင်ဆွေးနွေးကြပါ။” ဟု ဒု-ဥက္ကဌ ဦးမြသွင်က ၎င်း၏အမှာစကားတွင် ပြောကြားခဲ့သည်။


ထို့နောက် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဦးတင်မြင့်က ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးလုပ်ငန်းစဉ်များပြောကြားခဲ့ပြီး ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးအတွက် အုပ်စုအလိုက် ဆွေးနွေးတင်ပြခြင်း၊ သက်ဆိုင်ရာ အုပ်စုအလိုက် တာဝန်ယူရသည့် ပုဒ်မများ ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲဒုတိယနေ့တွင် ဖွဲ့စည်းပုံစည်းမျဉ်းပုဒ်မများကို သက်ဆိုင်ရာအဖွဲ့အလိုက် ဆက်လက်တင်ပြဆွေးနွေးခဲ့ကြပြီး အတည်ပြုဆုံးဖြတ်ချက်များ ရယူခဲ့ကြသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမဆုံး ဖွဲ့စည်းပုံစည်းမျဉ်းကို ၁၉၉၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တတိယအကြိမ် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ကြသော်လည်း ယခုအခါ ခေတ်ကာလ စနစ်နှင့် မလျော်ညီသည့် အချက်များကို ပြန်လည်ပြင်ဆင်ရန်အတွက် ဖွဲ့စည်းပုံစည်းမျဉ်းပြန်လည်ပြင်ဆင်ရေး အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် မေလ (၁၉) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို ဥက္ကဌ (၁) ဦး၊ ဒု-ဥက္ကဌ (၁)ဦး၊ အတွင်းရေးမှူး(၁) ဦး၊ တွဲဖက်အတွင်းရေးမှူး-၁ (၁)ဦး၊ တွဲဖက်အတွင်းရေးမှူး - ၂ (၁)ဦး၊ အဖွဲ့ဝင်(၃၁)ဦး စုစုပေါင်း (၃၆) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမအကြိမ် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ