Print
News and Activities
Hits: 2790

ရခိုင်ပြည်နယ်၊အမ်းမြို့ ( ဇွန်လ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်)


ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး (Stakeholders Coordination Meeting)ကို ဇွန်လ (၂၅) ရက်နေ့တွင် အမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအစည်းအဝေးသို့ အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးကိုကိုမြတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာ အောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်မန်နေဂျာ ဒေါ်ဝါဝါအောင်နှင့် အမ်းမြို့နယ်ရှိ စီမံချက်ဝန်ထမ်းများ၊ INGO အဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း(၂၈) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော စီမံချက်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

မြန်မာနိူင်ငံကျန်းမာရေးမှုးအသင်းကလည်း ယခုနှစ် (၂၀၁၉ ခုနှစ်) အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများ၊ စိန်ခေါ်မှုနှင့် အကန့်အသတ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် URC တာဝန်ခံမှလည်း Defeat Malaria Project နှင့်ပတ်သက်၍ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ရောဂါပိုးသယ်ဆောင်ကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများတိုက်ဖျက်ရေးဌာန (VBDC) မှ သွေးလွန်တုပ်ကွေးရောဂါ (DHF)၊ ငှက်ဖျားရောဂါ (Malaria) နှင့် ပတ်သက်သော ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း