Print
News and Activities
Hits: 3281

ဇွန်လ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများသို့ ဇွန်လ (၂၆) ရက်မှ (၃၀) ရက်အထိ (၅) ရက်ကြာခရီးသွားရောက်ခဲ့ကြပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


(၅) ရက်တာ ခရီးစဉ်တွင် (၁)ဝေးလံခက်ခဲဒေသများတွင် ပြည်နယ်/မြို့နယ်ကျန်းမာရေးဦးစီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်တွဲဆောင်ရွက်နိုင်စေရန်၊ (၂) ဒေသခံကျန်းမာရေးမှူးများနှင့် တွေ့ဆုံ၍ အသင်း၏လုပ်ဆောင်ချက်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများကို ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် စသည့် ဒေသများသို့ သွားရောက်ခဲ့ပြီး ပြည်နယ်/ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများ “ဝ” အထူးဒေသ-၂ (တောင်ပိုင်း)ရှိ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတို့နှင့် တွေ့ဆုံခဲ့ကြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တွေ့ဆုံ


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်၊ Deputy Central Program Manager ဦးမျိုးချစ် နှင့် စီမံချက်မန်နေဂျာ ဦးအောင်မျိုးမင်း တို့သည် ဇွန်လ (၂၆) ရက် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်း နှင့် တွေ့ဆုံခဲ့သည်။


ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာ အကူအညီအထောက်အပံ့ရေး အစီအစဉ်များ၊ EPI တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း မလွှမ်းခြုံသေးသည့်နေရာဒေသများတွင် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


ထို့နောက် မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် စသည့် ဒေသများသို့လည်း သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဒေသဆိုင်ရာ စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အကူအညီအထောက်အပံ့ရရှိရေး အစီအစဉ်များ၊ EPI တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း မလွှမ်းခြုံသေးသည့်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 


“ဝ” အထူးဒေသ - ၂ (တောင်ပိုင်း) ဒေသအုပ်ချုပ်ရေးမှူး ဦးတုယုံထိုက်ဦးဆောင်သော အဖွဲ့ကို တွေ့ဆုံ


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်၊ Deputy Central Program Manager ဦးမျိုးချစ် နှင့် စီမံချက်မန်နေဂျာ ဦးအောင်မျိုးမင်း တို့သည် ဇွန်လ (၂၉) ရက် နံနက်ပိုင်းတွင် “ဝ” အထူးဒေသ - ၂ (တောင်ပိုင်း) ဟွေအော်မြို့သို့ ရောက်ရှိခဲ့ကြပြီး “ဝ” အထူးဒေသ - ၂ (တောင်ပိုင်း) ဒေသအုပ်ချုပ်ရေးမှူး ဦးတုယုံထိုက်ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ၍ ဝ” အထူးဒေသ - ၂ (တောင်ပိုင်း)၏ အဓိကကျန်းမာရေးပြသနာများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ဒေသဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံကျန်းများရေးမှူးအသင်းသို့ မျှဝေပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ သွားလာရေးနှင့် လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး စသည့်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


တာချီလိတ်ခရိုင်ရှိ ဒေသခံကျန်းမာရေးမှူးများနှင့် တွေ့ဆုံ


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်၊ Deputy Central Program Manager ဦးမျိုးချစ် နှင့် စီမံချက်မန်နေဂျာ ဦးအောင်မျိုးမင်း တို့သည် ဇွန်လ (၃၀) ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိကြကာ တာချီလိတ်ခရိုင်အတွင်းရှိ ကျန်းမာရေးမှူးများနှင့် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် ကျန်းမာရေးမှူးများအတွက် ကောင်စီဥပဒေ၊ ဖွဲ့စည်းပုံစည်းမျဉ်းပြန်လည်ပြင်ဆင်ရေး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ Universal Health Coverage (လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှု) ရရှိရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အခန်းကဏ္ဍ စသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းပျဉ်း စသည့် (၃) မြို့နယ်တွင် ဝန်ထမ်းအင်အား (၂၁) ဦးဖြင့် “ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး စီမံချက် (Reaching Equitable Access to Health through Local-empowerment (Real) Project)” ကို ဆောင်ရွက်လျှက်ရှိသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့