Print
News and Activities
Hits: 3011

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်)

မွန်ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ ၆ ရက်က မော်လမြိုင်မြို့ ဆရာဝန်အသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ် ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှ နာယက ဆရာကြီး ဦးဝင်းကြည်၊ ဥက္ကဌ ဦးမျိုးသွင်၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်  ဥက္ကဌနှင့် အတွင်းရေးမှူး၊ မွန်ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ နှင့် မွန်ပြည်နယ်ရှိ မြို့နယ် (၁၀)ခုမှ မြို့နယ်ကိုယ်စားလှယ်များ စုစု ပေါင်း (၆၅) ဦးပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ် ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စဉ်ဆက်မပြတ်တိုးတက်ဖြစ်ထွန်းမှုများနှင့် ကျန်းမာရေးဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွှတ်စွာ လက်တွဲ၍ လုပ်ဆောင်မှုများကို တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) နာယကဆရာကြီး ဦးဝင်းကြည်မှ သြဝါဒစကားပြောကြားခဲ့ပြီး ဥက္ကဌ ဦးမျိုးသွင်မှ အမှာစကား ပြောကြားခဲ့သည်။ ၎င်းအစည်းအဝေးတွင် မွန်ပြည်နယ်ကျန်းမာရေးမှူးအသင်း မြေနေရာနှင့် အဆောက်အဦး အကောင်အထည်ဖော်ရေးအတွက် မတည်အလှူရှင်များပေးအပ်သော အလှူငွေများ၊ မြို့နယ်အလိုက်စုပေါင်းအလှူငွေများကို သက်ဆိုင်ရာ မွန်ပြည်နယ်ကျန်းမာရေးမှူးအသင်း တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကာ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ထို့အပြင် မွန်ပြည်နယ် ကျန်းမာရေးမှူးအသင်း ရွေးချယ်တင်မြှောက်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ကြပြီး လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမျိုးသွင်မှ အသင်းလုပ်ငန်းကိစ္စများကိုလည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ရွေးချယ်တင်မြှောက်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် ကျန်းမာရေးမှူးအသင်းမှ အသင်းမြေနေရာနှင့် အသင်းအဆောက်အဦး အတွက် ရန်ပုံငွေတိုးတက်ရရှိရေး ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးတက်ရောက်သူများက သိလိုသည်များ၊ မရှင်းလင်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မွန်ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပ

  •   မွန်ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပ

  •  