ကချင်ပြည်နယ် မိုးမောက်မြို့ ( ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်)

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး (Stakeholders Coordination Meeting) ကို ဇူလှိုင် (၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအစည်းအဝေးသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်မေသင်း နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်မန်နေဂျာ ဦးအောင်မျိုးခိုင်နှင့် မိုးမောက်မြို့နယ်ရှိ စီမံချက်ဝန်ထမ်းများ၊ INGOs အဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း(၄၅) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မေသင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော စီမံချက်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိူင်ငံကျန်းမာရေးမှူးအသင်း စီမံချက်မန်နေဂျာ ဦးအောင်မျိုးခိုင်မှ ယခုနှစ် (၂၀၁၉ ခုနှစ်) အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများ၊ စိန်ခေါ်မှုနှင့် အကန့်အသတ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် HPA, SARA, MMA, PSI, MCC အဖွဲ့ တာဝန်ခံများမှလည်း ၎င်းတို့၏စီမံချက်များ နှင့်ပတ်သက်၍ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များကိုလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍ ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း ၆လလျှင် တစ်ကြိမ်ပုံမှန်ပြုလုပ်ကြရန် အစည်းအဝေးတွင် ညှိနှိုင်းသဘောတူခဲ့ကြသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း