စစ်ကိုင်းတိုင်းဒေသကြီး (ဇူလိုင်လ၊ ၂၀၁၉ ခုနှစ်)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ပြုလုပ်လျှက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်များ၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့၊ မော်လိုက်မြို့၊ တမူးမြို့၊ ကလေးဝမြို့ နှင့် မင်းကင်းမြို့ စသည့် မြို့နယ် (၅) ခုတွင် ကျင်းပပြုလုပ်ခဲ့သော အသိပေးရှင်းလင်းပွဲများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဌေးအောင်နှင့် ဒု-ဗဟို စီမံကိန်းမန်နေဂျာ ဦးကျော်သက်ဦးတို့မှဦးဆောင်၍လည်းကောင်း၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့ နှင့် ဟုမ္မလင်းမြို့များတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒု-ဥက္ကဌ ဦးမြသွင်နှင့် စီမံချက်မန်နေဂျာ ကျော်လင်းထွဋ် တို့မှလည်းကောင်း ဦးဆောင်၍ ဇူလိုင်လ စတုတ္ထအပတ်အတွင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းအသိပေးရှင်းလင်းပွဲများတွင် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်တက်ရောက်ပါဝင်ခဲ့ကြပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး လမ်းညွှန်မှာကြားခဲ့ကြသည်။

တီဘီရောဂါတိုက်ဖျက်ရေးများကို အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား ကျေးဇူးတင်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အကူအညီကိစ္စရပ်များအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများသို့ ဆက်သွယ်ဆွေးနွေးနိုင်ပါကြောင်း တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်များနှင့် ပတ်သက်ပြီး ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက အသိပေးရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီရောဂါ ဝေဒနာရှင် (၁၃၀၀၀၀) ခန့် မှတ်ပုံတင်ကုသလျှက်ရှိပြီး ၎င်းတို့အနက်မှ (၅၃၀၀၀) ခန့်မှာ ပြည်သူလူထုအတွင်း ကူးစက်မှု အများဆုံးပေးနိုင်သော သလိပ်ပိုးတွေ့လူနာများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

တီဘီရောဂါဖြစ်ပွါးနေသူတစ်ဦးသည် ဆေးကုသမှုမခံယူပါက (၁) နှစ်အတွင်း အခြားသူ (၁၀) ဦးမှ (၁၅)ဦးအထိ တီဘီရောဂါပိုး ကူးစက်စေပြီး (၁)ဦးကို ရောဂါဖြစ်ပွားစေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရသိရသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့ရှိ စုစုပေါင်းမြို့နယ် (၄၆) ခုတွင် တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက်များကို ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး (၃၀)နိုင်ငံစာရင်းနှင့် TB/MDR-TB နှင့် TB/HIV ရောဂါများ ဖြစ်ပွားမှုအများဆုံး (၁၄)နိုင်ငံစာရင်းတို့တွင် ပါဝင်ပြီး တီဘီရောဂါဖြစ်ပွားမှုသည် နိုင်ငံ၏အဓိက ကျန်းမာရေးပြသနာတစ်ခုဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများ အသိပေးဆွေးနွေးပွဲများကျင်းပခဲ့

  •   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများ အသိပေးဆွေးနွေးပွဲများကျင်းပခဲ့