Print
News and Activities
Hits: 4646

စစ်တွေ၊ ( သြဂုတ်လ ၂ ရက်၊ ၂၀၁၉ ခုနှစ်)


ရခိုင်ပြည်နယ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ကူညီပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(Access to Health Fund)၏ ကျန်းမာရေးနှင့်ဆက်စပ်အဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(State Health Working Group Meeting)နှင့် စီမံချက် အကြောင်းအသိပေးဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ(၁)ရက် နှင့်(၂) ရက်တို့က စစ်တွေမြို့ ယုဇနအောင် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒု- ဥက္ကဌ ဦးမြသွင်နှင့် စီမံချက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှု ၂၀၃၀ ပြည့်နှစ်၌ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် အသိပေးဆွေးနွေးပွဲကို ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(Access to Health Fund)၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။


သြဂုတ်လ (၁) ရက်နေ့၌ ကျင်းပသော ကျန်းမာရေးနှင့်ဆက်စပ်အဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(State Health Working Group Meeting) တွင် ပြည်နယ်ကုသရေးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသံလွင်အောင်နှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်အတွင်းရှိ မြို့နယ်( ၁၇ ) မြို့နယ်တို့မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(ဗဟို)မှ အသင်းဒု-ဥက္ကဌ ဆရာဦးမြသွင်၊ ဗဟိုစီမံကိန်းမန်နေဂျာဆရာဦးသန့်ဇော်၊ ရခိုင်ပြည်နယ်မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းစီမံချက်ရုံးမှ ဝန်ထမ်းများ၊ ကျန်းမာရေးနှင့်နှီးနွယ်သည့် ( INGOs၊ NGOs ) များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား( ၆၀ )ဦးတက်ရောက်ခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဒု- ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတို့မှ အစည်းအဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသောအသင်းအဖွဲ့များမှ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကြရာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရခိုင်ပြည်နယ် စီမံကိန်းမန်နေဂျာ ဦးစိုင်းစံမြ မှ ပြည်နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ် မြို့နယ်( ၁၇) မြို့နယ်တို့မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ သြဂုတ်လ (၁) ရက်နေ့၌ ကျင်းပသော ကျန်းမာရေးဆက်စပ်အဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(State Health Working Group Meeting)ကို ညနေ (၅) နာရီခွဲအချိန်တွင် ကျင်းပပြီးစီးခဲ့သည်။



နောက်တစ်နေ့ သြဂုတ်လ (၂) ရက်နေ့တွင် ရခိုင်ပြည်နယ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ကူညီပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(Access to Health Fund)၏ စီမံချက်များအကြောင်း အသိပေးဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ ပြည်နယ် ကုသရေးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် တာဝန်ရှိသူများ ၊ ရခိုင်ပြည် နယ်အတွင်းရှိ ပြည်နယ်အဆင့်/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်(၁၇) မြို့နယ်တို့မှ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှအသင်း ဒု-ဥက္ကဌ ဆရာဦးမြသွင် ဗဟိုစီမံကိန်းမန်နေဂျာ ဆရာဦးသန့်ဇော်၊ ရခိုင်ပြည်နယ်မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းစီမံချက်ရုံးမှ တာဝန်ရှိဝန်ထမ်းများ ကျန်းမာရေးနှင့်နှီးနွယ်သည့် ( INGOs၊ NGOs ) များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား(၆၅ )ဦးတက်ရောက်ခဲ့ကြသည်။


အသိပေးဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ကျန်းမာရေးစောင့် ရှောက်မှုလက်လှမ်းမီရရှိရေး ရံပုံငွေရရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(Access to Health Fund)၏ စီမံချက်မှ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မြို့နယ်များတွင် ဆောင်ရွက်မည့် ကျန်းမာရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လုပ်ဆောင်လျက်ရှိသော ACCESS TO HEALTH FUND စီမံချက် ဆိုင်ရာများဆိုင်ရာကိုလည်း ဗဟိုစီမံကိန်းမန်နေဂျာ ဦးသန့်ဇော်မှရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အသိပေးဆွေးနွေးပွဲအခမ်းအနားကို နေ့လည်ပိုင်းအချိန်တွင် ကျင်းပပြီးစီးခဲ့သည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း