Print
News and Activities
Hits: 2054

(ဇူလိုင်လ၊ ၂၀၁၉ ခုနှစ်)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦး၊ ဒီပဲယင်း၊ မြောင်နှင့် ယင်းမာပင် မြို့နယ် (၄) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ပြုလုပ်လျှက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်များ၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများ အသိပေးရှင်းလင်းပွဲများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမျိုးသွင်နှင့် ဗဟို စီမံကိန်းမန်နေဂျာ ဦးဖြိုးစည်သူဝင်းတို့ဦးဆောင်၍ ဇူလိုင်လ (၂၂) ရက်၊ (၂၃ ) ရက်၊ (၂၄) ရက် နှင့် (၂၅) ရက်တို့က ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းအသိပေးရှင်းလင်းပွဲများတွင် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်တက်ရောက်ပါဝင်ခဲ့ကြပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လုပ်ဆောင်လျှက်ရှိသော တီဘီတိုက်ရောဂါတိုက်ဖျက်ရေးစီမံချက်များကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးများတွင် တိုးချဲ့ဆောင်ရွက်ခဲ့သည်။

တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက် တိုးချဲ့ဆောင်ရွက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၁၂) မြို့နယ်ဖြစ်သော ကလေး၊ ကလေးဝ၊ ခန္တီး၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ တမူး၊ ရေဦး၊ ဒီပဲယင်း၊ မြောင်နှင့် ယင်းမာပင် စသည့် မြို့နယ်အားလုံးတွင် မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပွဲများကို ပြီးခဲ့သည့်ဇူလိုင်လ အတွင်းက ကျင်းပခဲ့ပြီးဖြစ်သည်။ အသိပေးရှင်းလင်းပွဲလုပ်ရန် ကျန်ရှိနေသေးသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်၊ ချောက်၊ ရေစကြို၊ စလင်း၊ ပွင့်ဖြူ၊ နတ်မောက် နှင့် မြို့သစ် မြို့နယ်များတွင်လည်း အသိပေးရှင်းလင်းပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီရောဂါ ဝေဒနာရှင် (၁၃၀၀၀၀) ခန့် မှတ်ပုံတင်ကုသလျှက်ရှိပြီး ၎င်းတို့အနက်မှ (၅၃၀၀၀) ခန့်မှာ ပြည်သူလူထုအတွင်း ရောဂါကူးစက်မှု အများဆုံးဖြစ်စေသော သလိပ်ပိုးတွေ့လူနာများဖြစ်ကြောင်း၊ တီဘီရောဂါဖြစ်ပွါးနေသူတစ်ဦးသည် ဆေးကုသမှုမခံယူပါက (၁) နှစ်အတွင်းတွင် အခြားသူ (၁၀) ဦးမှ (၁၅)ဦးအထိ တီဘီရောဂါပိုး ကူးက်စေပြီး (၁)ဦးကို ရောဂါဖြစ်ပွားစေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရသိရသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့ရှိ စုစုပေါင်းမြို့နယ် (၄၆) ခုတွင် တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက်များကို ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး (၃၀)နိုင်ငံစာရင်းနှင့် TB/MDR-TB နှင့် TB/HIV ရောဂါများ ဖြစ်ပွားမှုအများဆုံး (၁၄)နိုင်ငံစာရင်းတို့တွင် ပါဝင်ပြီး တီဘီရောဂါဖြစ်ပွားမှုသည် နိုင်ငံ၏အဓိက ကျန်းမာရေးပြသနာတစ်ခုဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦး၊ ဒီပဲယင်း၊ မြောင်နှင့် ယင်းမာပင် မြို့နယ် (၄) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများ အသိပေးဆွေးနွေးပွဲများကျင်းပပြီးစီး

  •   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦး၊ ဒီပဲယင်း၊ မြောင်နှင့် ယင်းမာပင် မြို့နယ် (၄) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၏ မြို့နယ်အဆင့်စီမံချက်လုပ်ငန်းများ အသိပေးဆွေးနွေးပွဲများကျင်းပပြီးစီး