Print
News and Activities
Hits: 1888

(ဇူလိုင်လ ၂၉ရက်၊ ၂၀၁၉ ခုနှစ်)

ကျန်းမာရေးစီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုထံ လွယ်ကူ၊လျှင်မြန်၊ ထိရောက်စွာ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံခန့်ခွဲမှုနယ်ပယ်တွင်ရှိသော ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုသင်တန်း (Management Training) ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး (ဗဟို) ဦးထွန်းကြည်ခန်းမ၌ ဇူလိုင်လ (၂၉)ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် အသင်းဥက္ကဋ္ဌ ဦးမျိုးသွင်၊ ဒု-ဥက္ကဋ္ဌ ဦးမြသွင်၊ အတွင်းရေးမှူး ဦးဌေးအောင် နှင့် စီမံခန့်ခွဲမှုနယ်ပယ်တွင်ရှိသော အသင်းဝန်ထမ်း စုစုပါင်းဝန်ထမ်း (၄၀) ဦး တက်ရောက်ပါဝင်ခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းကျန်းမာရေးဦးစီဌာနမှူး (အငြိမ်းစား) ဒေါက်တာကျော်ရှိုန်မှ သင်ကြားပို့ချပေးခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပြည်သူ့အကျိုးပြုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်မှုရှိစေရန် စီမံခန့်ခွဲမှု နည်းစနစ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်က ”ဆရာကြီးက စီမံခန့်ခွဲမှုနယ်ပယ်တွင် အတွေ့အကြုံများစွာရှိတယ်။ ဆရာကြီးရဲ့ နှစ်ပေါင်းများစွာဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွေ့အကြုံနှင့် ပညာများကို ကျန်းမာရေးမှူးအသင်းမှာ လာရောက်မျှဝေပေးပါသော ဆရာကြီးအား အသင်း၏ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်”သင်တန်းအပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံခန့်ခွဲမှုနယ်ပယ်တွင်ရှိသော ဝန်ထမ်းများအား စီမံခန့်ခွဲမှုသင်တန်း (Management Training) ပေး

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံခန့်ခွဲမှုနယ်ပယ်တွင်ရှိသော ဝန်ထမ်းများအား စီမံခန့်ခွဲမှုသင်တန်း (Management Training) ပေး