ဇူလိုင်လ ၉ ရက်၊ ၂၀၁၉ ခုနှစ်။


American Refugee Committee (ARC) နှင့် မဲခေါင်ဒေသနိုင်င်ငံများအဖွဲ့ GMS (Greater Mekong Subregion)တို့က ကြီးမှူး၍ ငှက်ဖျားရောဂါနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှ ဒု-ဥက္ကဌ ဦးမြသွင် တက်ရောက်ပါဝင်ခဲ့ပါသည်။

02


၎င်းဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ အလုပ်သမားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ RAI RSC (Regional Artemisinin-resistance Initiative (RAI) Regional steering committee) ၏ အတွင်းရေးမှူးနှင့် နှင့် CSOများမှ ကိုယ်စားလှယ်များ၊ UNOPS PR မှ တာဝန်ရှိသူများ၊ ကမ္ဘောဒီယား၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ CSOများမှ တာဝန်ရှိသူများ တက်ရောက်ပါဝင်ခဲ့ကြသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ငှက်ဖျားကင်းစင်ရေးလုပ်ငန်းများ၌ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏အခန်းကဏ္ဍ နှင့် လူထုသို့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမှုအခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

 

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း