Print
News and Activities
Hits: 2904

အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အနစ်နာခံ တာဝန်ထမ်းဆောင်မှုများကို လေးစားတန်ဖိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးတွင် ပြောကြား

အသင်း၏ အဓိကရည်မှန်းချက်သည် နိုင်ငံတော်၏ အဓိက ရည်မှန်းချက်ဖြစ်သည့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် ဆောင်ရွက်သည့်နေရာတွင် ဝန်ကြီးဌာနကို ပူးပေါင်းကူညီသွားရန်ဖြစ်ကြောင်း ဥက္ကဋ္ဌဦးမျိုးသွင်ပြော

ရန်ကုန် (သြဂုတ်လ ၃၁ ရက် ၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးကို ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် သြဂုတ်လ (၃၁) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်သော အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ အသင်းဝင်များ စုစုပေါင်း ၁၁၁၂ဦး ပါဝင် တက်ရောက်ပါဝင်ခဲ့ကြသည်။

အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အနစ်နာခံ တာဝန်ထမ်းဆောင်မှုများကို လေးစားတန်ဖိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြား
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ရာထူးအခွင့်အခွင့်အလမ်းနည်းပါးပါကြောင်း၊ သို့သော် အခြေခံကျန်းမာရေးဝန်ထမ်းများသည် ဝေးလံခက်ခဲသော နေရာများရှိ ပြည်သူများကို ကျန်းမာရေးဝန်ဆောင်မှုပေးနိင်ရန် ကျေးလက်များတွင် နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရကြောင်း၊ ထိုကဲ့သို့ အနစ်နာခံဆောင်ရွက်မှုများအတွက် အခြေခံကျန်းမာရေးဝန်းထမ်းများကို လေးစားပါကြာင်း ၎င်း၏အမှာစကားတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။

“ကျန်းမာရေးမှူးတွေဟာ စေတနာ၊ အနစ်နာခံပြီး ကျေးလက်ဒေသကိုသွား ကျေးလက်မှာရှိတဲ့ ပြည်သူတွေရဲ့ ဘဝကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အဖက်ဖက်ကနေ အနစ်နာခံပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီဘဝကို ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့သဘောထားနဲ့ ရွေးချယ်ပြီး အကောင်းဆုံးဖြစ်အောင် လောကကြီးကို အကျိုးပြုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ရဲ့အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်” ဟု အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အနစ်နာခံ တာဝန်ထမ်းဆောင်မှုများကို လေးစားတန်ဖိုးထားကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

အသင်း၏ အဓိကရည်မှန်းချက်သည် နိုင်ငံတော်၏ အဓိက ရည်မှန်းချက်ဖြစ်သည့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် ဆောင်ရွက်သည့်နေရာတွင် ဝန်ကြီးဌာနကို ပူးပေါင်းကူညီသွားရန်ဖြစ်ကြောင်း ဥက္ကဋ္ဌဦးမျိုးသွင်ပြော

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်မှ ကျေးဇူးတင်အမှာစကားပြောကြားရာတွင် အသင်း၏ အဓိကရည်မှန်းချက်သည် နိုင်ငံတော်၏ အဓိက ရည်မှန်းချက်ဖြစ်သည့် လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် ဆောင်ရွက်သည့်နေရာတွင် ကျန်းမာရေးမှူးအသင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကို အတတ်နိုင်ဆုံး ပူးပေါင်းကူညီသွားနိုင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဟာ ကျန်တော်တို့ရဲ့ Career Development တွေ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ မရတာ ရတာ တစ်ကဏ္ဍထား ကျွန်တော်တို့တွေဟာ နိုင်ငံတော်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ Universal Health Coverage လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရအောင်လုပ်တဲ့နေရာမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။” ဟု အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးမျိုးသွင်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အနေဖြင့် နိုင်ငံတကာအလှူရှင်အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကျန်းမာရေးစီမံချက်လုပ်ငန်းများကို တစ်နှစ်လျှင် ဒေါ်လာ (၇)သန်းခန့် သုံးစွဲဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးပြသနာများအား စွမ်းစွမ်းတမံ ကူညီဖြေရှင်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးစီမံချက်၊ အာဟာရ ဖွံ့ဖြိုးရေးစီမံချက်၊ ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်များကို အလေးထားဆောင်ရွက်နေကြောင်း အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒု-ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း ဥက္ကဋ္ဌဖြစ်သူ ဆရာဦးမြသွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးကို (၁) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး)၏ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရန်၊ (၂) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသော ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များကို အသိပေးရှင်းလင်းတင်ပြနိုင်ရန် စသည့် ရည်ရွယ်ချက် (၂) ခုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)၏ လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များကို ဥက္ကဌ ဦးမျိုးသွင်မှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအသင်း ဥက္ကဋ္ဌ ဦးမြသွင်မှ လည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့်နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့မှလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် Dr. ချစ်ကိုဟန် (ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး) မှ ကျန်းမာရေးမှူးများနှင့် ပတ်သက်၍ သုတေသန စာတမ်းဖတ်ရှုခြင်း၊ ထူးချွန် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) မြေနေရာဝယ်ယူရေးအတွက် အလှူငွေများ ပေးအပ်ခြင်း စသည့်အစီအစဉ်များ ပါဝင်ခဲ့သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးကို ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် သြဂုတ်လ (၃၁) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးကို ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် သြဂုတ်လ (၃၁) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်