စက်တင်ဘာလ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (၂) ရက်တာ သင်တန်းတစ်ရပ်ကို စက်တင်ဘာလ (၂၀) ရက်နှင့် (၂၁) ရက်တို့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဦးထွန်းကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

01

၎င်းသင်တန်းကို (၁) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများ ပညာရပ်ဆိုင်ရာအရည်အသွေးများ တိုးတက်လာစေရန်၊ (၂) စီမံချက်လုပ်ငန်းများတွင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက် (၂) ခုဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်း (၂) ရက်တာ သင်တန်းတွင် ဒေါက်တာမြင့်မြင့်သန်း (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာသိင်္ဂီႌႌအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဒေါက်တာမြင့်မိုစိုး (ဒုတိယညွှန်ကြားရေးမှူး)၊ ဒေါက်တာလွင်မာလှိုင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဒေါက်တာ သိန်းဆွေ (ပါမောက္ခချုပ်(ငြိမ်း)၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး))၊ ဒေါက်တာစန်းစန်းမြင့်အောင် (ပါမောက္ခချုပ်(ငြိမ်း)၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)) စသည့် ဆရာကြီး/ဆရာမကြီးများမှ ပညာရပ်ဆိုင်ရာများ ဟောပြောပို့ချခဲ့ကြသည်။

စီမံချက်ဝန်ထမ်းများကို လိုအပ်သော စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းများပေးခြင်းသည် အသင်းအောင်မြင်တိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်များဖြင့် မအားလပ်သည့်ကြားထဲမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများကို ပညာရပ်ဆိုင်ရာသင်တန်းများ လာရောက်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း သင်တန်းဖွင့်ပွဲအခန်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်မှ ပြောကြားခဲ့သည်။

ထို့အပြင် ဥက္ကဋ္ဌ ဦးမျိုးသွင်က သင်တန်းသားများကို အမှာစကားပြောကြားရာတွင် "ဆရာတို့ကို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပိုမိုမြင့်မားလာအောင်လုပ်တယ်ဆိုတဲ့ကိစ္စက ဆရာတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးခြင်းဖြစ်သလို ဆရာတို့နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပတ်သက်နေတဲ့ အကျိုးခံစားခွင့်ရတဲ့ ပြည်သူလူထုအတွက် ဖြစ်တယ်ဆိုတာကို ဆရာတို့မမေ့ဖို့လိုတယ်" ဟု စီမံချက်ဝန်ထမ်းများကို ၎င်းတို့ကျွမ်းကျင်သည့်ပညာရပ်များဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများအား (၂) ရက်တာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းပေး

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများအား (၂) ရက်တာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းပေး

  •   MHAA မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများအား (၂) ရက်တာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းပေး