Print
News and Activities
Hits: 1574

အောက်တိုဘာလ (၂) ရက်၊ ၂၀၁၉ ခုနှစ်။

Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အောက်တိုဘာလ (၂) ရက်နေ့က မိုင်းဖြတ်မြို့နယ်သို့ ရောက်ရှိခဲ့ကြပြီး ဒေသခံများ၊ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဦးမြင့်ကျော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်း၊ ဆွစ်ဇာလန် နိုင်ငံနှင့် ဆွိဒင်သံရုံးများမှ ကိုယ်စားလှယ်များ၊ Access to Health Fund အဖွဲ့သားများသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) မှ အတွင်းရေးမှူး ဦးဌေးအောင်၊ Central Program Manager ဦးသန့်ဇော်၊ Deputy Central Program Manager ဦးမျိုးချစ်နှင့် မိုင်းဖြတ်မြို့နယ်မှ စီမံချက်ဝန်ထမ်းများ တက်ရောက်ပါဝင်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေး စီမံချက်၏ အောင်မြင်မှု၊ စိန်ခေါ်မှုများ၊ ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ပေးအပ်နိုင်ရေး စီမံချက်ဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများကို အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိသည့် မိုင်းဖြတ်မြို့တွင် ရှမ်းလူမျိုး၊ အင်လူမျိုး၊ လားဟူလူမျိုး၊ ကချင်လူမျိုး စသည့်လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျှက်ရှိပြီး ဘာသာစကားအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလွယ်ကူစွာ ရရှိနိုင်ရန် အခက်အခက်များရှိနေသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်သော ထောက်ပံ့ကူညီမှုများပေးအပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောမှုများပြုလုပ်ခြင်း စသည့်နယ်ပယ်စုံ/နည်းလမ်းစုံဖြင့် ပံ့ပိုးကူညီလျှက်ရှိသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် မိုင်းဖြတ်မြို့သို့ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေးစီမံချက်နှင့် ပတ်သက်ပြီး ဒေသခံအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

  •   MHAA 2019
  • MHAA 2019
  • MHAA 2019
  • MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019