အောက်တိုဘာလ (၈) ရက် ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဝန်ထမ်းများအတွက် မသန်စွမ်းမှု အကျုံးဝင်ရေး သင်တန်းတစ်ရပ်ကို ရန်ကုန်မြို့ Wyne Hotel တွင် အောက်တိုဘာလ (၇) ရက်နှင့် (၈) ရက်တို့က ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂) ရက်တာသင်တန်းတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ Executive Director ဖြစ်သူ ဆရာနေလင်းစိုး နှင့် အဖွဲ့သားများမှ မသန်စွမ်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဟောပြောပို့ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်မှ အမှာစကားပြောကြားရာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဦးတည်ကာလုပ်ဆောင်လာသည့်အဖွဲ့ဖြစ်ကြောင်း၊ ယခုသင်တန်းသည် မသန်စွမ်းမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်သိရှိလာနိုင်မည်ဖြစ်၍ ၎င်းတို့အတွက် ကျန်းမာရေးဆိုင်ရာ အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အဖွဲ့ကြီးကလည်း မသန်စွမ်းမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ မသန်စွမ်းသူများရဲ့ အခန်းဏ္ဍကို ထည့်သွင်းစဉ်းစားပြီး အတတ်နိုင်ဆုံးကူညီရေးလုပ်ငန်းများလုပ်ကိုင်နိုင်အောင်၊ အခြားအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကိုလည်း သူတို့ရဲ့စွမ်းဆောင်ရည်မြှင့်တင်မှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ယခုသင်တန်းက အထောက်အကူဖြစ်စေမှာပါ။" ဟု ဥက္ကဋ္ဌ ဦးမြသွင်က ပြောကြားခဲ့သည်။

မသန်စွမ်းမှုဆိုင်ရာ သဘောတရားများ၊ မသန်စွမ်းသူများ၏ လူမှုအခက်အခဲများနှင့် ၎င်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်ပြီး သိရှိနားလည်းနိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး စီမံချက်လုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် မသန်စွမ်းသူများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်ပေါင်း လေးထောင်ကျော်ရှိကြောင်းသိရသည်။ ထို့အပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် Disability Inclusion ဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား အကူအညီများပေးအပ်လျှက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဝန်ထမ်းများအား မသန်စွမ်းမှု အကျုံးဝင်ရေး (Disability Inclusion) သင်တန်းပေး

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဝန်ထမ်းများအား မသန်စွမ်းမှု အကျုံးဝင်ရေး (Disability Inclusion) သင်တန်းပေး