Print
News and Activities
Hits: 1666

သံတွဲမြို့ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၉)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ဦးဆောင်၍ မသန်စွမ်းသူများဆိုင်ရာ ဆက်စပ်ဌာန/အဖွဲ့အစည်းများ မြို့နယ်အဆင့် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးကျော်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့ သည်။ ထို့နောက် သံတွဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်ဝင်းမှ မြန်မာနိုင်ငံရှိ မသန်စွမ်း သူများ၏ အခြေနေ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် လူထုအားလုံးအကျုံးဝင်သော ကျန်းမာရေးစောင့် ရှောက်မှု ရရှိစေရန် လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာမှ သံတွဲမြို့နယ်အတွင်း ဆောင်ရွက်လုပ်ကိုင်နေသော မသန်စွမ်းသူ များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ငွေကြေးထောက်ပံ့ခြင်း၊ ပညာရေးကဏ္ဍများအပြင် မသန်စွမ်းသူများ လက်ရှိကြုံတွေ့နေရသော အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း PATH-R စီမံချက်မှ စီမံချက်အရာရှိ ဦိးထွန်းထွန်းနိုင်ကလည်း Cross Cutting Themes ပါဝင်သော အဓိက ကဏ္ဍကြီး ခြောက်ခုအား အသေးစိတ်ရှင်းလင်း၍ မသန်စွမ်းသူများ အကျုံးဝင်သော လူ့အဖွဲ့အစည်း ဖြစ်လာစေရန် လိုအပ်သော အခန်း ကဏ္ဍများအား တင်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေး မှူးအသင်းမှ မသန်စွမ်းသူများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသိပေးရှင်းလင်းတင် ပြခဲ့သည်။

မသန်စွမ်းသူများနှင့် ဆက်စပ်ဌာန/အဖွဲ့အစည်းများ မြို့နယ်အဆင့် ညှိနှိုင်းအစည်းအဝေး၎င်းအခမ်းအနားသို့ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၂၁ ဦးနှင့် မသန်စွမ်းသူ ၄ ဦးတို့ တက်ရောက်ခဲ့ကြသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း