Print
News and Activities
Hits: 2429

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Letter of Affiliation) လက်မှတ်ရေးထိုး

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေပြီး နှစ်ဦးနှစ်ဖက် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်မှ ပြောကြား

နိုဝင်ဘာလ (၂၄) ရက်၊ ရန်ကုန်မြို့

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့၏ ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (Letter of Affiliation) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က ရန်ကုန်မြို့ရှိ Hotel Yangon တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်တက်ရောက် အမှာစကားပြောကြားခဲ့ရာ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေပြီး နှစ်ဦးနှစ်ဖက် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရေး နည်းလည်မှုစာချွန်လွှာရေးထိုးနိုင်ခြင်းအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအတွက် ဂုဏ်ယူပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဒါဟာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအတွက် နိုင်ငံတကာတက္ကသိုလ်တစ်ခုနဲ့ နည်းပညာပိုင်း၊ လုပ်ငန်းကျွမ်းကျင်ရေးတို့အတွက် ပထမဆုံးပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအတွက်တင်မက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက်လည်း အလွန်ဂုဏ်ယူစရာကောင်းလှပါတယ်။ ဒါဟာ အခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအတွက် မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။ " ဟု အမြဲတန်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောကြားခဲ့သည်။

နားလည်မှုစာချွန်လွှာ (Letter of Affiliation) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်၊ ပါမောက္ခချုပ် (ငြိမ်း) Prof. Dr. စန်းစန်းမြင့်အောင် (မကွေး-အခြေခံကျန်းမာရေးတက္ကသိုလ်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အကြံပေးပုဂ္ဂိုလ်) ဒေါက်တာညွှန့်နိုင်သိန်း (မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အကြံပေးပုဂ္ဂိုလ်)) ၊ ဒေါက်တာ အောင်ကေတု (မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အကြံပေးပုဂ္ဂိုလ်)၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ Khon Kaen University မှ Assoc. Prof. Dr. Wongsa Laohasiriwong (Dean of Public Health, Khon Kaen University) ၊ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများမှ ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်မှ နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် နိုင်ငံတော် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ ဖွံ့ဖြိုးတိုးတာလာစေရေးအတွက် ကျန်းမာရေးမှူးများ၏ စွမ်းဆောင်ရည်တိုးမြှင့်ရေးလုပ်ငန်းမှာ အရေးကြီးပါကြောင်း၊ ကျန်းမာရေးမှူးများ၏ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင်အခွင့်အလန်းတိုးတက်လာစေရေးအတွက် ယခုကဲ့သို့ အခွင့်အရေးရရှိလာစေရန် ဝိုင်းဝန်းကူညီခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် Khon Kaen University မှ Assoc. Prof. Dr. Wongsa Laohasiriwong တို့သည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ပူးပေါင်း၍ လုပ်ငန်းသုံး နည်းပညာဆိုင်ရာ ကျန်းမာရေး သတင်းအချက်အလက်များမျှဝေရေး၊ သင်တန်းများပူးတွဲဖွင့်လှစ်နိုင်ရေး၊ ပညာတော်သင်ကျောင်းသားများနှင့် အလုပ်သင်ဝန်ထမ်းများ အပြန်အလှန်စေလွှတ်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ (Letter of Affiliation) ကို ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

"မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဦးတည်ဆောင်ရွက်နေတဲ့ (၁) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို ပြည်သူ့ကျန်းမာရေးပညာရှင်အဖွဲ့အဖြစ် အားကောင်းလာစေရန်၊ (၂) အသင်းဝန်ကျန်းမာရေးမှူးများနှင့် နိုင်ငံ့ ဝန်ထမ်းကျန်းမာရေးမှူးများ၏ ပညာရေးတိုးတက်မှု၊ ဘဝတက်လမ်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ဆောင်ရွက်ပေးရန် စတဲ့ ရည်ရွယ်ချက် (၂) ခုကို ကူညီထောက်ပံ့ပေးနိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ကျွန်မဒီအခမ်းအနားမှာ ရောက်ရှိနေခြင်းအတွက် ကျွန်မဂုဏ်ယူပါတယ်။" ဟု Dr Wongsa Loahasiriwong ကပြောကြားခဲ့သည်။

အခမ်းအနားတွင် ပါမောက္ခချုပ် (ငြိမ်း) Prof. Dr. စန်းစန်းမြင့်အောင် (မကွေး-အခြေခံကျန်းမာရေးတက္ကသိုလ်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အကြံပေးပုဂ္ဂိုလ်) မှ ဝမ်းမြှောက်ဂုဏ်ယူပါကြောင်း ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကာ၊ ဒေါက်တာညွှန့်နိုင်သိန်း မှ Khon Kaen University ကိုယ်စား Khon Kaen University ၏ လုပ်ရှားဆောင်ရွက်နေမှုများအား ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းခဲ့သည်။

ထို့နောက် Dr Wongsa Laohasiriwong (Dean of Public Health, Khon Kaen University) မှ ဦးဆောင်၍ အခမ်းအနားတွင် တက်ရောက်ပါဝင်ခဲ့ကြသူများမှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတကာအလှူရှင် (၆) ဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် (၁၂) ခုကို ဝန်ထမ်းအင်အား (၆၀၀) နီးပါးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းဝင်အင်အား (၅) ထောင်ကျော်ဖြင့် မြို့နယ်ပေါင်း (၃၀၇) မြို့နယ်တွင် အသင်းဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးပြသနာများအား ကူညီဖြေရှင်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးစီမံချက်၊ အာဟာရ ဖွံ့ဖြိုးရေးစီမံချက်၊ ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသည်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနပြုတက္ကသိုလ်တစ်ခုဖြစ်သော Khon Kaen University သည် လွန်ခဲ့သည့် ၁၉၆၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့သောတက္ကသိုလ်တစ်ခုဖြစ်ပြီး ဒေသတွင်းနိုင်ငံများထဲတွင် နှစ်သက်တမ်းကြာရှည်ခိုင်မာပြီး ကျော်ကြားထင်ရှားသည့်တက္ကသိုလ်တစ်ခုဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Galleryမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Letter of Affiliation) လက်မှတ်ရေးထိုး

  •   MHAA 2019
  • MHAA 2019
  • MHAA 2019
  • MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •    MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019