ရန်ကုန် (ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ သင်းလုံးကျွတ်ညီလာခံကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲနှင့် ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၁၆) ပြင်ဆင်ရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတို့ကို ဒီဇင်ဘာလ (၁၅) ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဦးထွန်းကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ သင်းလုံးကျွတ်ညီလာခံကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယကအဖွဲ့ဝင်များ၊ ဗဟို ဥက္ကဋ္ဌ ဦးမြသွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်း ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းမှ ညီလာခံအတွက် ဝိုင်းဝန်းဆောင်ရွက်ကြမည့် ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဝင်များ/ ဆပ်ကော်မတီဝင်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြသည်။

ကြိုတင် ညှိနှိုင်းဆွေးနွေးပွဲတွင် လာမည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း သင်းလုံးကျွတ်ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းပိုင်းဆိုင်ရာတာဝန်များခွဲဝေခြင်း၊ လုပ်ငန်း အဖွဲ့များဖွဲ့စည်းခြင်းများအတွက် ညှိနှိုင်းဆွေးခဲ့ကြကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

ညနေပိုင်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယက အဖွဲ့ဝင်များ၊ ဗဟိုဥက္ကဋ္ဌ ဦးမြသွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်း ဥက္ကဋ္ဌများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင်များ တက်ရောက်ပါဝင်ခဲ့ကြသည်။

၎င်းအမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လက်ရှိဆောင်ရွက်လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းအခြေအနေများ၊ အသင်းကိစ္စအရပ်ရပ်နှင့် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုဥက္ကဋ္ဌ ဦးမြသွင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နာယကအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဖွဲ့စည်းပုံပြင်ဆင်ရေး အဖွဲ့ဝင်များက ကဏ္ဍရပ်အလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ သင်းလုံးကျွတ်ညီလာခံအခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၂၈) နှင့် (၂၉) ရက်တွင် ရန်ကုန်သူနာပြုတက္ကသိုလ် ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း