Print
News and Activities
Hits: 3133

ရန်ကုန် (ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော  "လူထုကိုယ်တိုင် ပူးပေါင်းပါဝင်ခြင်းဖြင့်  အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် (CpA-TB Project)" ၏ စီမံချက်မြို့နယ်များကို “ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund)"  ရန်ပုံငွေ စီမံခန့်ခွဲ‌ရေး အဖွဲ့ဝင်များမှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund)" အထောက်အပံ့ဖြင့်  မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ "လူထုကိုယ်တိုင် ပူးပေါင်းပါဝင်ခြင်းဖြင့်  အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်“ ကို ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် (၁၄) ခုတွင် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund)" မှ ရန်ပုံငွေ စီမံခန့်ခွဲ‌ရေးအဖွဲ့ဝင်များဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူး၊ မင်္ဂလာတောင်ညွှန့်၊ လမ်းမတော် စတဲ့ မြို့နယ်(၃) မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စေတနာ့ဝန်ထမ်းများ၊ တီဘီရောဂါဝေဒနာရှင်များနှင့် တွေ့ဆုံကာ "လူထုကိုယ်တိုင် ပူးပေါင်းပါဝင်ခြင်းဖြင့်  အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်“ ၏ အကျိုးသက်ရောက်မှုများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

ရန်ပုံငွေ စီမံခန့်ခွဲ‌ရေး အဖွဲ့ဝင်များဟာ ၎င်းတို့ရဲ့ နှစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုအပြီး ဇန်နဝါရီလ (၉) ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Central Program Manager ဦးသန့်ဇော်၊ Deputy Central Program Manager ဦးဝင်းတိုး၊ Project Manager ဒေါ်နွေအေးမြထွန်း၊ စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေမှူးအသင်း