Print
News and Activities
Hits: 1385

ရန်ကုန် (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လုပ်ကိုင်နေသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အဖွဲ့ကို ဖေဖော်ဝါရီလ ၂ ရက် က ရန်ကုန်မြို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ခန်းမတွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့က ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လုပ်ကိုင်ခဲ့သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးကြီးသောအသင်းကြီးတစ်ခုဖြစ်ပြီး ဆောင်ရွက်နိုင်စွမ်းရှိသော အသင်းကြီးလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တင်ပြသော အကျဉ်းချုံးကျန်းမာရေးမှူး (၁)နှစ်သင်တန်း (CHA) ကို (၂) နှစ်ခွဲအထိ တိုးချဲ့ပြီး B.comm H ဘွဲ့ပေးနိုင်ရန် လိုအပ် သည်များ စီစဉ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ (MPH) ရ ကျန်းမာရေးမှူးများကိုလည်း ဦးစီးအရာရှိအဖြစ် ရာထူးတိုးမြှင့် ခန့်အပ် နိုင်ရန် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၏ လက်တွေ့မြေပြင်အခြေအနေများကို သုတေသန ပြုလုပ် ဆန်းစစ်ဖေါ်ထုတ်ပြီး အထောက်အထားခိုင်မာစွာဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ရရှိပြီးသူ ကျန်းမာရေးမှူးများ ကို ပြင်ဦးလွင်ရှိ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနတွင် သုတေသနအဆိုပြုလွှာရေးသားခြင်း၊ သတင်းအချက်အလက်များ ကောက်ယူစုဆောင်း ခြင်းစသည့် အဆင့်များမှ တွေ့ရှိချက်ရလဒ်များကို ထုတ်ဝေနိုင်သည့်အထိ ဆောင်ရွက် နိုင်ရန် အထူးသင်တန်းတစ်ခုဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း၊ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ကိုယ်စားလှယ်များလည်း တက်ရောက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အတွေ့အကြုံရင့်ကျက်ကာ စာပေသင်ကြားမှု ဝါသနာပါပြီး သင်ကြားနိုင်သော ကျန်းမာရေးမှူးအချိူ့အား အခြေခံကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့်ညှိနှိုင်းပြီး တက္ကသိုလ်သင်ကြားမှုများတွင် ကူညီပံ့ပိုးစေ လိုပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ နာယကအဖွဲ့တွင်ပါဝင်သော ညွှန်ကြားရေး မှူးချုပ်(ပြည်သူ့ကျန်းမာ) နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏အရေးကြီးသော အစည်းအဝေးများသို့ ပုံမှန်တက်ရောက်စေလိုပြီး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ မည်ကဲ့သို့ စနစ်တကျပူးပေါင်းဆောင်ရွက်မည်ကို လုပ်ငန်းမူဘောင်နှင့် မဟာဗျူဟာများ ရေးဆွဲရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကြီးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားနေသော Novel Coronavirus (2019-nCoV) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်သူများကိုပညာပေးခြင်း၊ သတင်းပေးပို့ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများတွင်ပါဝင်ပြီး ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက် သွားစေလို ပါကြောင်း၊ ဝန်ကြီးဌာနမှဆောင်ရွက်နေသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အထူးသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေးမှူးအသင်းမှ ပံ့ပိုးကူညီစေလိုပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစိပ်ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်နှင့် အခြားတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်၊ အတွင်းရေးမှူးဦးဇော်နိုင်၊ ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမင်းသိန်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အလုပ်အမှုဆောင် ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းဌေး၊ program director ဒေါက်တာသရဖီအောင်၊ Head of program ဦးဆန်းလင်းဦး၊ ဆက်သွယ်ရေးအရာရှိ ဦးချမ်းဇော်အောင်တို့ တက်ရောက် ခဲ့ကြပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွင်း ၁၀,၂၉၈,၈၀၉,၉၅၄ ကျပ် (ကျပ်သိန်းပေါင်း တစ်သိန်းကျော်) အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် (၁၃) ခုကို ဝန်ထမ်းအင်အား (၆၀၃) ဦး ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

  •   MHAA 2020
  • MHAA 2020
  • MHAA 2020
  • MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020