Print
News and Activities
Hits: 1332

ကရင်ပြည်နယ် (ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၀ ခုနှစ်)

Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒေသခံများ၊ သက်ဆိုင်ရာတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံချက်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာခိုင်စန္ဒာအောင် ၊ National Health Plan Implemention and Monitoring Unit (NIMU) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲမင်းထွေး၊ တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းများ၊ UK aid မှ ကိုယ်စားလှယ်များ၊ USAID မှ ကိုယ်စားလှယ်များ နှင့် ဆွိဒင်သံရုံးများမှ ကိုယ်စားလှယ်များ၊ Access to Health Fund မှ အဖွဲ့သားများသည် ကရင်ပြည်နယ်အတွင်း ဆောင်ရွက်နေသော လိင်မှုဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး၊ မိခင်၊ မွေးကင်းစကလေး နှင့် ကလေးများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်များ စသည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ကိစ္စရပ်များနှင့်ပက်သက်ပြီး ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

3

၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို)မှ ဥက္ကဌ ဦးမြသွင်၊ Central Program Manager ဦးသန့်ဇော် နှင့် ကရင်ပြည်နယ်ရှိ စီမံချက်ဝန်ထမ်းများမှ တက်ရောက်ပါဝင်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး စီမံချက်၏ အောင်မြင်မှု၊ စိန်ခေါ်မှုများ၊ ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြင့်ပေးအပ်နိုင်ရေး စီမံချက်ဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများကို အကူအညီများ တိုးမြင့်ပေးအပ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

 0

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများသည် ဘာသာစကားအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ နှင့် IDP camp များတွင် နေထိုင်ရသောကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူစွာ ရရှိနိုင်ရန် အခက်အခဲများ ရှိနေသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေးအတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်သော ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ငါးနှစ်အောက်ကလေးငယ်များကို အရေးပေါ် ထောက်ပံ့ခြင်း၊ တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများ၊ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ပေးခြင်း၊ သက်တူရွယ်တူ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတ မျှဝေရေး လုပ်ငန်းများ နှင့်ကျန်းမာရေး အသိပညာပေးဟောပြောမှုများ ပြုလုပ်ခြင်း စသည့် နယ်ပယ်စုံ၊နည်းလမ်းစုံဖြင့် ပံ့ပိုးကူညီလျက်ရှိသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA