Print
News and Activities
Hits: 2631

ငဖဲမြို့နယ် (မတ်လ ၈ ရက်၊ ၂၀၁၉ ခုနှစ်)

ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ငဖဲမြို့နယ်)အား ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို ဖေဖော်ဝါရီလ (၈) ရက်က ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

 

89840225 2402262013382257 3184498386313150464 n

ဂုဏ်ပြုမှတ်တမ်းလွှာအား မကွေးတိုင်း ကျန်းမာရေးမှုးအသင်း ဒုတိယဥက္ကဌ ဦးသက်နိုင်ဝင်းမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ငဖဲမြို့နယ်)ကိုယ်စား လက်ခံရယူခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွင်းရှိ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ လစဉ်ဆောင်ရွက်ပေးခြင်းကြောင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ငဖဲမြို့နယ်)အား အသိအမှတ်ပြု ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 01

ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အနေအဖြင့်လည်း Unicef ၏ အထောက်အပံ့ဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (Promotion of Sanitation and Hygiene Practices through Community-Led Total Sanitation - CLTS Project) ကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်း၊ ပွင့်ဖြူ နှင့် ငဖဲမြို့နယ် တို့တွင် ၂၀၁၉ ခုနှစ် မေလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း