ငဖဲမြို့နယ်၊ မတ်လ(၁၆) ရက် ၊ ၂၀၂၀ ခုနှစ်

မင်းဘူးခရိုင်၊ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး အသင်း နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးအသိပညာ ပေး ဟောပြောပွဲနှင့် အခမဲ့ဆေးကုပေးခြင်း လုပ်ငန်းများကို မတ်လ ၁၄ ရက်နေ့က ငဖဲမြို့နယ် တောင်ပေါ်ဒေသ ပဘဲကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 2
ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းဥက္ကဌ ဦးတင်မောင်ဝင်း ဦးဆောင် သောဝန်ထမ်းများ အဖွဲ့က ပဘဲကျေးရွာအတွင်းယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။

71

ဆက်လက်၍ နေ့လည်ပိုင်းအချိန်တွင် ငဖဲမြို့နယ်ပြည်သူ့ ကျန်းမာရေးကြီးကြပ်အသင်းဥက္ကဌ ဦးတင်မောင်ဝင်း က ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ အဆုတ်ရောင်ရောဂါ (2019-nCov) ကူးစက်နိုင်ခြေရှိသည့် နည်းလမ်း များ၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်သောကျန်းမာရေးဆိုင်ရာ အကြံပေးချက်များကိုလိုက်နာကြရန်အသိပညာပေးဟောပြောသည်။

56

ထို့နောက် မြို့နယ်သွားဆရာဝန်ဒေါက်တာနိုင်တိုးဦး၊ ဒေါက်တာသီဟတင်စိုးနှင့် ငဖဲမြို့နယ် ကျန်းမာရေးမှူး အသင်းဥက္ကဌ ဦးသက်နိုင်ဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ငဖဲမြို့နယ်၊တောင်ပေါ်ဒေသ ပဘဲကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံအရှိုချင်းတိုင်းရင်းသားပြည်သူ (၁၆၅ )ဦး အား အထွေထွေရောဂါစမ်းသပ်ကုသပေးခြင်း၊ ပြည်သူ(၃၀ )ဦးအား သွားကျန်းမာရေးကုသပေးပြီး မင်းဘူးမြို့၊မြတ်မြင့်မိုရ် အထူးကုဆေးခန်းမှ ဒေသခံပြည်သူ ( ၆၃ )ဦးအား အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ သွေးအားနည်းရောဂါ၊ ဆီးချို သွေးချို နှင့် HIV ရောဂါပိုး ရှိ၊မရှိ အခမဲ့ သွေးစစ်ဆေးခြင်း၊ သွေးအုပ်စုခွဲခြင်းများဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း