Print
News and Activities
Hits: 18841
Myanmar Health Assistant Association သည် ကျန်းမာရေးဌာန၏ လက်ရုံးဖြစ်ပြီး အသင်းတိုးတက်ခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုးတက်ခြင်းအဖြစ်ယူဆကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြား

(မတ်လ၊ ၃ ရက်၊၂၀၁၉ ခုနှစ်)

 

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ၅နှစ်စာ မဟာဗျူဟာ စီမံကိန်း (၂၀၁၉ - ၂၀၂၃) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို မတ်လ (၃) ရက်နေ့က ရန်ကုန် Pullman Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

2019 

မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားသို့ ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးနှင့်နှီးနွယ်သော အဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင် နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ တိုင်းနှင့်ပြည်နယ် ဥက္ကဌများ နှင့် ဗဟိုဦးစီးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

018

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားတက်ရောက်ခွင့် ရခြင်းအတွက် ကြည်နူးနှစ်သက်မိကြောင်း၊ Myanmar Health Assistant Association သည် ကျန်းမာရေးဌာန၏ လက်ရုံးဖြစ်ပြီး အသင်းတိုးတက်ခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုးတက်သကဲ့သို့ ယူဆကြောင်း ပြောကြားခဲ့သည်။

001

“Myanmar Health Assistant Association ဟာ ကျွန်တော်တို့ရဲ့ တကယ့်တကယ်တော့ လက်ရုံးတွေပဲ။ ကျွန်တော်တို့ရဲ့ လက်တွေ။ ဆရာတို့လုပ်တာ ကောင်း ကောင်းသလို၊ MMA လုပ်တာ ကောင်း ကောင်းသလို၊ Society လုပ်တာ ကောင်းရင် ကောင်းသလို ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဂုဏ်သတင်းတက်တဲ့အပြင် ပြည်သူတွေသည် quality ရှိတဲ့ ဝန်ဆောင်မှု၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကအစ ကုသမှုဆိုင်ရာဝန်ဆောင်မှုတွေ အကုန်လုံး တိုးတက်မှာ ဖြစ်ပါတယ်။ ‘‘ဆရာတို့အသင်း တိုးတက်လျှင် ကျွန်တော်တို့ တိုးတက်သလိုယူဆပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးကမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ပြည်တွင်း လူထုကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကောင်းဆုံးအဖွဲ့အစည်းဖြစ်ပြီး အစိုးရကျန်းမာရေးဌာနအနေဖြင့် အသင်းအပေါ် အလေးထားအားကိုးပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်ပြီး ချီးကျူးပြောဆိုခဲ့ပြီး၊ အသင်း၏လုပ်ငန်းဆိုင်ရာများ၊ နည်းဗျူဟာ၊ လမ်းစဉ်များနှင့် ပတ်သက်ပြီး အကြုံပြုဆွေးနွေးပြောကြားခဲ့ကာ ကျန်းမာရေး နှင့် ဆက်နွယ်သောအသင်းအဖွဲ့အချင်းချင်း ချိတ်ဆက်ပြီး အစိုးရဝန်ကြီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

010

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဥက္ကဌဖြစ်သူ ဦးမျိုးသွင်မှ မဟာဗျူဟာမြှောက်စီမံကိန်းရေးဆွဲရသည့်အကြောင်းရင်းကို ရှင်းလင်းခြင်း၊ ကျန်းမာရေးမှူးအသင်း၏ မိတ်ဖက်အဖွဲ့ဖြစ်သော Access to Health Fund မှ Head of Program ဖြစ်သူ ဒေါက်တာ အေးယုစိုးမှ မဟာဗျူဟာစီမံကိန်းနှင့် ပတ်သက်ပြီး အကြံပြုစကားပြောကြားခြင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မကွေးတိုင်းဒေသကြီး အတွင်းရေးမှူးဖြစ်သူ ဦးနေမျိုးထွန်း မှ စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း၊ ပါဝင်တက်ရောက်သူများမှ ဆွေးနွေးအကြုံပြု မေးမြန်းခြင်းတို့ ပါဝင်ခဲ့သည်။

ပြည်သူလူထု၏ ကောင်းကျိုးသုခအတွက် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးစနစ် အကူးအပြောင်းများ၊ကြုံတွေ့ ရသောအခက်အခဲများ၊ သင်ခန်းစာများကိုဆင်ခြင်သုံးသပ်ပြီး ၂၀၁၉-၂၀၂၃ ခုနှစ်အတွက် (၅)နှစ်တာ မဟာဗျူဟာမြောက် စီမံကိန်းကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အသင်းဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲအကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။

ယခုရေးဆွဲခဲ့သောမဟာဗျူဟာမြောက် စီမံကိန်းသည် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းသမိုင်းမှာ ပထမဦးဆုံးဖြစ်ပြီး ၎င်းစီမံကိန်းကို ၂၀၂၃ ခုနှစ် နောက်ပိုင်းများတွင်လည်း အဆက်မပြတ်ရေးဆွဲ အကောင်အထည်ဖော် သွားမည်ဖြစ်ပါသည်။ ယခု မဟာဗျူဟာ စီမံကိန်း၏ ရည်ရွယ်ချက်သည် ပြည်သူလူထုအတွက် အစိုးရက သတ်မှတ် ထားသော မူဝါဒနှင့်အညီ ကျန်းမာရေးအဆင့် ပိုမို တိုးတက်ကောင်းမွန်စေဖို့ ကျန်းမာရေးလုပ်ငန်းများကို စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန်၊ အသင်းဝင်ကျန်းမာရေးမှူးများရဲ့ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများရရှိပြီး၊ ကျန်းမာရေးမှူးများရဲ့စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်လာစေရန်၊ အသင်းအနေဖြင့်လူတိုင်းလက်လှမ်းမီ ကျန်းမာရေးလွှမ်းခြုံမှုရရှိရေးအတွက်မြန်မာနိုင်ငံရဲ့ကျန်းမာရေးလုပ်ငန်းတွေကိုတတ်စွမ်းသည့်ဘက်မှ ပါဝင်ဆောင် ရွက်နေသည့် အဖွဲ့အစည်းအဖြစ်ရပ်တည်ရန်ဖြစ်ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အနာဂတ်ရည်မှန်းချက်မှာ “မျှတသောကျန်းမာရေးဝန်ဆောင်မှုရရှိနေသည့် ဘဝအရည်အသွေး မြှင့်မားသော လူ့အဖွဲ့အစည်း” တစ်ရပ်ကို ဖန်တီးပုံဖော်ပေးရန်ဖြစ်ပြီး ယခုအချိန်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို မြို့နယ်ပေါင်း (၃၀၇)မြို့နယ်တွင် ဖွဲ့စည်းထားနိုင်ပြီး အသင်းဝင် အင်အား (၅၃၅၆)ဦးနှင့် နိုင်ငံတကာအလှူရှင်(၆) ဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်း(၁၁)ဖွဲ့ဖြင့် ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ်(၉)ခု၊ မြို့နယ်(၇၆)မြို့နယ်တွင် ဝန်ထမ်းအင်အား(၄၇၈)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစီမံချက်များကို မြန်မာနိုင်ငံ တစ်ဝန်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက ၅ နှစ်စာ မဟာဗျူဟာ စီမံကိန်း (2019-2023)ကို အသိပေးမိတ်ဆက်

  • 001 MHAA 2019
  • Magazine LayoutMHAA 2019
  • Coporate LayoutMHAA 2019
  • One pageMHAA 2019
  • 001 MHAA 2019
  • Magazine Layout MHAA 2019
  • Coporate Layout MHAA 2019
  • One page MHAA 2019
  • 009 MHAA 2019
  • Magazine Layout MHAA 2019
  • Coporate Layout MHAA 2019
  • One page MHAA 2019
  • 009 MHAA 2019
  • Magazine Layout MHAA 2019
  • Coporate Layout MHAA 2019
  • One page MHAA 2019
  • 009 MHAA 2019
  • Magazine Layout MHAA 2019
  • Coporate Layout MHAA 2019
  • One page MHAA 2019
  • IMG 3544 MHAA 2019
  • IMG 3677 MHAA 2019
  • IMG 3683 MHAA 2019
  • IMG 4047 MHAA 2019
  • IMG 4165 MHAA 2019
  • IMG 4259 MHAA 2019
  • IMG 4261 MHAA 2019
  • IMG 4169 MHAA 2019
  • IMG 4304 MHAA 2019
  • IMG 4305 MHAA 2019
  • IMG 4307 MHAA 2019
  • IMG 4315 MHAA 2019