နေပြည်တော် (ဇူလိုင်လ ၁၃ရက်နေ့၊ ၂၀၂၀ ခုနှစ်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက် ( National Vaccination Evaluation Survey ) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇူလိုင်လ (၁၃) ရက်နေ့တွင် နေပြည်တော်ရှိ Hotel Max တွင် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်( ဇူလိုင်လ ၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်)

ချင်းပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လေးလပတ်အစည်းအဝေးကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ (ဟားခါးမြို့) တွင်
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ချင်းပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ နှင့် အတွင်းအရေးမှူးအပါအဝင် စုစုပေါင်း ၁၈ ဦးတက်ရောက်ခဲ့သည်။

ရန်ကုန် ( ဇူလိုင် ၇ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် စီမံချက်ဝန်ထမ်းသစ်များတွေ့ဆုံပွဲ ကို ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရှိ ဦးထွန်းကြည်ခန်းမ တွင် ပြုလုပ်ခဲ့သည်။

မြစ်သား (ဇူလိုင်လ ၅ရက်၊ ၂၀၂၀ ခုနှစ်)

မန္တလေးတိုင်းဒေသ‌ကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အဆောက်အဦဖြစ်မြောက်ရေးအတွက် မြေနေရာဝယ်ယူနိုင်ရန်အလှူငွေထည့်ဝင် လှူဒါန်းပွဲကို ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ် ရေဝန်းကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
ဥက္ကဌနှင့် ခရိုင်အသင်းဥက္ကဌများ၊အလှူရှင်များ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ပဋိပက္ခတွေနဲ့ အာဟာရချို့တဲ့ခြင်းဟာ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတွေရင်ဆိုင်ကြရတဲ့ စိန်ခေါ်မှုတွေအနက်ကနှစ်ခုဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေတွေမှာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေအနေနဲ့ ရရှိဖို့ထိခိုက်ခဲ့ရပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေဟာ အာဟာရချို့တဲ့နိုင်ခြေ အလွန်များနေပြီး နေ့စဉ် အာဟာရပြည့်ဝသော အမျိုးအစားစုံလင်တဲ့ စားစရာများကို သင့်တင့်မျှတအောင်စားသုံးခွင့် မရရှိကြတဲ့အတွက် အဏုအာဟာရဓာတ် ချို့တဲ့မှုနှင့်သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်ခြေ များပါတယ်။