Print
News and Activities

သံတွဲ။ (၂၈၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း ကျန်းမာရေးဝန်ဆောင်မှုလက်လှမ်းမှီ ရရှိရေးစီမံချက်အကြောင်း ခရိုင်အဆင့် လုပ်ငန်းအသိပေးရှင်းလင်းတင်ပြပွဲကို သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၉နာရီမှ ၁၂နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာ ကျော်နိုင်ဝင်းမှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒု-ဗဟိုစီမံကိန်းမန်နေဂျာ ဦးစနေလင်းမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စတင်ဖြစ်တည် လာပုံနှင့် သမိုင်းကြောင်းအား တက်ရောက်လာသူများသို့ ရှင်းလင်းတင်ပြခဲ့ပြီး စီမံချက်အရာရှိ ဦးထွန်းထွန်းနိုင်က သံတွဲမြို့နယ်တွင် အကောင်ထည်ဖော် ဆောင်ရွက်မည်ဖြစ် သော စီမံချက်လုပ်ငန်းများအား အသေးစိတ်ရှင်း လင်းတင်ပြခဲ့ပါသည်။

Addressing opening speech by Dr. Kyaw Naing Win DMO

ထို့နောက် တက်ရောက်လာသူများမှ စီမံချက်နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်း၍ ဦးစနေလင်း နှင့် သံတွဲခရိုင် စီမံချက်ဝန်ထမ်းများမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင်ဝင်းမှ အခမ်းအနား အပိတ်အမှာစကား ပြောကြားပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Presenting about miles stone and background of MHAA by U Sa Nay Linn DCPM in Advocacy meeting

၎င်းအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်ဆရာဝန်ကြီး၊ မိခင်နှင့် ကလေးအသင်းဥက္ကဌ၊ အမျိုးသမီးရေးရာဥက္ကဌ၊ ခရိုင်ကြက်ခြေနီအသင်းဥက္ကဌ၊ သံတွဲခရိုင် ကျန်းမာရေးမှူးအသင်းဥက္ကဌ၊ ကလေးအထူးကုဆရာဝန်ကြီး၊ အခြေခံကျန်းမာရေးဝန်ထမ်း ၁၀၂ဦးနှင့် စီမံချက်ဝန်ထမ်း ၁၀ဦး စုစုပေါင်း ၁၁၈ဦး တက်ရောက်ပါဝင်ခဲ့ကြပါသည်။
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း