Print
News and Activities

ဂွမြို့၊ (၂၃၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက် ဝန်ထမ်းများမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်အား "ကျန်းမာရေးဝန်ဆောင်မူ လက်လှမ်းမီစွာရရှိရေး စီမံချက်" နှင့်ပတ်သက်၍ တွေ့ဆုံအသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ၂၃ရက် နေ့နံနက်(၁၁)နာရီအချိန်တွင် ညောင်ချောင်းကျန်းမာရေးဌာန၌ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ စီမံချက်ဝန်ထမ်းများနှင့်အသင်းဝင်များသည် အပြန်အလှန် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ အခမ်းအနား အဖွင့်အမှာစကားကို ဂွမြို့နယ်ကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးသန်းဌေးမှ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မြို့နယ်စီမံချက်ညှိနှိုင်းရေးမှူး ဦးစောမာထူးမှ စီမံချက်ဆိုင်ရာလုပ်ငန်းများအကြောင်းကို တက်ရောက်လာသောအသင်းဝင်များ အားရှင်းလင်းပြောကြားခဲ့ပါသည်။

FB IMG 1551803841231
စီမံချက်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် ကြွရောက်လာကြသော အသင်းဝင်များက မေးမြန်းဆွေးနွေးသော အကြောင်းအရာများကို စီမံချက်ဝန်ထမ်းများ က ပြန်လည်ဖြေကြားခဲ့ပါသည်။ နေ့လယ်(၁)နာရီတွင် အခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင် (၆) ဦး နှင့် စီမံချက်ဝန်ထမ်း (၇) ဦးတို့တက်ရောက်ခဲ့ကြပါသည်။
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း