Print
News and Activities

မာန်အောင်။ (၂၈၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၏ စီမံချက်ဝန်ထမ်းများက မာန်အောင်မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များအား စီမံချက်လုပ်ငန်းများအကြောင်း တွေ့ဆုံအသိပေး ရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ (၄) နာရီအချိန်တွင် မာန်အောင်မြို့ PATH – R စီမံချက်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


ပထမဦးစွာ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ စီမံချက်ဝန်ထမ်းများနှင့် မာန်အောင်မြို့နယ်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များ အပြန်အလှန် တွေ့ဆုံမိတ်ဆက်ကြသည်။ အခမ်းအနား အဖွင့်အမှာစကားကို မာန်အောင်မြို့နယ် ကျန်းမာရေးမှူးအသင်း ဥက္ကဌဆရာဦးသာဖေမှ ပြောကြားခဲ့ကာ စီမံချက်ဆိုင်ရာ လုပ်ငန်းများအကြောင်းကို မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ စီမံချက်အရာရှိ ဦးသစ်လွင်ဦးမှ အသင်းဝင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Opening Speech By Township MHAA President U Thar Pe

Presentation by Project Officer U Thit Lwin Oo


စီမံချက် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် အသင်းဝင်များမှ မေးမြန်းဆွေးနွေးသော အကြောင်းအရာများကို စီမံချက်အရာရှိနှင့်တကွ စီမံချက် ဝန်ထမ်းများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ကျန်းမာရေးအသင်းဝင် (၉) ဦး နှင့် စီမံချက်ဝန်ထမ်း (၇) ဦး တို့တက်ရောက်ခဲ့ကြပါသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း