( ၉ရက် ၊ ဧပြီလ၊ ၂၀၁၉ ခုနှစ် )

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မအူပင်ခရိုင်)၏ (၄)လပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် (၅)နှစ်စာ မဟာဗျူဟာစီမံကိန်း လုပ်ငန်းရှင်းလင်းပွဲကို ဧပြီလ ၉ ရက်က ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကော်မတီ ဥက္ကဌ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)မှ ဒုဥက္ကဌ၊ အတွင်းရေးမှူး နှင့် စီမံချက်အဖွဲ့ဝင်များ တက်ရောက်ပါဝင်ခဲ့ကြသည်။

56990295 438461026960253 4724811162036731904 n

57079771 545454052644491 6138433547968446464 n

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)၏ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောက်ရွက်မည့် (၅) နှစ်စာ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

56236313 728194160908900 7875567628142510080 n
မအူပင်ရှိ မြို့နယ် (၄)မြို့နယ်၏ ၂၀၁၉ ခုနှစ် ပထမ (၄) လပတ်အစည်းအဝေးကို ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များ၊ သူနာပြု ဆရာမကြီးများ၊ ဘက်စုံသားဖွားဆရာမများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
ပြန်ကြားရေး/မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း