Print
News and Activities

သုံးခွမြို့၊ (၇ ရက်၊ မေလ၊ ၂၀၁၉ခုနှစ်)

သုံးခွမြို့တွင် “လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်”၏ စေတနာ့ဝန်ထမ်းသင်တန်းကို မေလ ၆ ရက် နှင့် ၇ ရက်တို့က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 သင်တန်းဖွင့်ပွဲအခန်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစုစုလှိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဝင်းသိန်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဒုဥက္ကဌ ဦးမြသွင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဌာနမှ THA ဦးမျိုးနိုင် နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ပါဝင်ခဲ့ကြသည်။

intro


တီဘီရောဂါဖြစ်ပွားသူများကို ကူညီစောင့်ရှောင်နိုင်ရန်၊ တီဘီရောဂါကူးဆက်ခံရခြင်းများမှ တားဆီးကာကွယ်ပြီး တီဘီရောဂါဖြစ်ပွားတိုက်ဖျက်ရေးများ လုပ်ကိုင်နိုင်ရန် ယခုကဲ့သို့ ပညာပေးသင်တန်း ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတွင် ပါဝင်တက်ရောက်သူများကို အများပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဒုဥက္ကဌ ဦးမြသွင် မှ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ထို့အပြင် တီဘီရောဂါသည် လူတန်းစားအမျိုးအစားမရွေးဖြစ်နိုင်သော်လည်း ဆင်းရဲသည့်ပြည်သူများသည် ၎င်းတို့၏ ကျန်းမာရေးကို ကိုယ်တိုင်ဂရုမစိုက်နိုင်သည့်အတွက် ကူးဆက်ပျံ့နှံ့ရန် ပိုမိုလွယ်ကူသောကြောင့် တောရွာများမှပြည်သူများ၏ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများအား စိတ်အားထက်သန်စွာလုပ်ကိုင်ကြရန် သင်တန်းသား စေတနာ့ဝန်ထမ်းများကို ၎င်းက တိုက်တွန်းခဲ့သည်။


သင်တန်းတွင် တီဘီရောဂါနှင့် ပတ်သက်၍ အစိုးရ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှ အရာရှိတစ်ဦးက ရှင်းလင်းပို့ချခဲ့ပြီး၊ ကျန်မာရေးပညာပေးခြင်းနှင့် စီမံချက်ဆိုင်ရာလုပ်ငန်းများကို စီမံချက်မန်နေဂျာမှလည်းကောင်း ရှင်းလင်းပို့ချပေးခဲ့သည်။

“လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်” ၏ ၂ ရက်တာပြုလုပ်ခဲ့သည့် စေတနာ့ဝန်ထမ်းသင်တန်းတွင် စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၁ ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း