၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံစည်းမျဉ်းပြန်လည်ပြင်ဆင်ရေးကော်မတီ အစည်းအဝေးအား မြန်မာနိုင်ငံကျန်းမာ‌ရေးမှူးအသင်းရုံး အစည်းအဝေးခန်းမတွင်၂၀၁၉ ခုနှစ်မေလ ၁၉ ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ပါသည်။

 4

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ပထမဆုံး ဖွဲ့စည်းပုံစည်းမျဉ်းကို ၁၉၉၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တတိယအကြိမ် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ကြသော်လည်း ယခုအခါ ခတ်ကာလ စနစ်နှင့် မလျော်ညီသည့် အချက်များကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးကော်မတီအစည်း အဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

5
ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးကော်မတီ အစည်းဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးသင်း ဥက္ကဌ ဦးမျိုးသွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “လက်ရှိ အသင်းက လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အဆင်ပြေစေဖို့နဲ့ ပြောင်းလဲလာတဲ့ ကျန်းမာရေးဝန်ဆောင်မှုစနစ်၊ ခေတ်ကာလနဲ့ လျော်ညီမှုရှိဖို့၊ ကျန်းမာရေးမှူးအသင်း ဆက်လက် အားကောင်းဖွံ့ဖြိုးလာစေဖို့ရန် လက်ရှိဖွဲ့စည်းပုံစာအုပ်ကို ပြန်လည်ပြုပြင်လိုပြီဆိုတာကို ဆရာတို့လည်းသိပါတယ်။ ဒါကြောင့် အသင်းကြီးဆက်လက်ဖွံ့ဖြိုးလာဖို့ ကိုရည်ရွယ်ပြီး လက်ရှိဖွဲ့စည်းပုံကို အားလုံးသဘောတူညီမှုနဲ့ စနစ်တကျ ပြင်ဆင်ရေးဆွဲပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောကြားခဲ့သည်။


၎င်းအစည်းအဝေးတွင် “(၁)အသင်းဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းများအ‌ကာင် အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့် ညီသော ဖွဲ့စည်းပုံစည်းမျဉ်းများ အဖြစ်ပြင်ဆင်ကြရန်၊ (၂)ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ကော်မတီဝင်များ အချင်းချင်း ညှိနှိုင်း ရေးဆွဲအ‌ကောင်အထည်ဖော်ရန်၊ (၃) ကော်မတီအဖွဲ့ဝင်ဦးရေအား အများဆန္ဒနှင့် အညီ သတ်မှတ်နိုင်ရန်၊ (၄) ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ရေးကော် မတီသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ငွေကြေးသုံးစွဲနိုင်ရေး စသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းလမ်းညွှန်များ ချမှတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေးကော်မတီ အစည်းအ‌ဝေးတွင် တက်ရောက်ပါဝင်ခဲ့သော အသင်း၏နာယကဆရာကြီး ဦးအုန်းမောင်မှ “အသင်းရဲ့ ဖွဲ့စည်းပုံဟာ အသင်းရဲ့အသက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံဟာ အနာဂတ်မှာ အကျိုးရှိပြီး ခေတ်နဲ့လျှော်ညီတဲ့ ဖွဲ့စည်းပုံစည်းမျည်းဖြစ်ဖို့ အရေးကြီးပါတယ်” ဟု မှာကြားခဲ့သည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို ဥက္ကဌ (၁) ဦး၊ ဒု ဥက္ကဌ (၁) ဦး၊ အတွင်းရေးမှူး (၁) ဦး၊ တွဲဖက်အတွင်းရေးမှူး -၁ (၁)ဦး၊ တွဲဖက်အတွင်းရေးမှူး - ၂ (၁)ဦး၊ တဲအဖွဲ့ဝင်(၃၁)ဦး စုစုပေါင်း (၃၆) ဦးဖြင့် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။8မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းသည် နိုင်ငံခြားသားဆရာဝန်များ တိုင်းပြည်မှထွက်ခွာသွားပြီးနောက် ကျန်းမာရေးပညာရှင်ရှားပါးမှုအတွက် ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်သူ ပညာရှင်များရရှိစေရေး အတွက် ၁၉၅၃ခုနှစ် အစိုးရစီမံကိန်းနှင့်အတူ စတင်ပေါ်ပေါက်ခဲ့ပါသည်။

၁၉၉၄တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်း အဖြစ် မှတ်ပုံတင်အမှတ်(၁၇၅၄) ဖြင့် ရပ်တည်ခဲ့ပြီး ပထမဆုံး ဖွဲ့စည်းပုံစာအုပ်ကို ထိုနှစ်တွင်ပင်ရေးဆွဲအတည်ပြုနိုင်ခဲ့သည်။ ထို့နောက် ၁၉၉၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ၃ ကြိမ်တိုင် ပြင်ဆင်ခဲ့ကြပြီး ယခု ၂၀၁၉ ခုနှစ်တွင် လက်ရှိလုပ်ကိုင်နေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျန်းမာရေးမှူးအသင်း ဆက်လက်ဖွံ့ဖြိုးအားကောင်းလာစေရန် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို ပြင်လည်ပြန်ဆင်ကြရန် ယခုကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အနာဂတ်ရည်မှန်းချက်မှာ “မျှတသောကျန်းမာရေးဝန်ဆောင်မှုရရှိနေသည့် ဘဝအရည်အသွေးမြှင့်မားသော လူ့အဖွဲ့အစည်း” တစ်ရပ်ကိုဖန်းတီးပုံဖော်ပေးရန်ဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။