Print
News and Activities

မေလ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်

ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်မှု ရန်ပုံငွေအဖွဲ့(UNICEF)၏ အထောက်အပံ့ဖြင့် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လူထုဦးဆောင်သော အလုံးစုံ သန့်ရှင်းရေး စီမံချက် “Community-Led Total Sanitation Project” ၏ မြို့နယ်အဆင့် စီမံချက်လုပ်ငန်းများ ဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

3အဆိုပါအခမ်းအနား၌ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးဆန်းထွန်းက အမှာစကားပြောကြားရာတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တို့ ပူးပေါင်းအကောင်ထည်ဖေါ် ဆောင်ရွက်မည့် လူထုဦးဆောင်သော အလုံးစုံ သန့်ရှင်းရေး စီမံချက်ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုပါကြောင်း၊ ငဖဲမြို့နယ်၏ တောင်ပေါ် ၁၀ အုပ်စုသည် သန့်ရှင်းရေးစနစ်တွင် နိမ့်ကျနေပြီး ထိုဒေသသို့ စီမံချက်လုပ်ငန်းများလုပ်ကိုင်ရာတွင် အုပ်ချုပ်ရေးမှူးများက ပိုမိုပူးပေါင်းပေးကြရန်နှင့် စီမံချက်များအောင်မြင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

1
မင်းဘူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင့်ခိုင် ကလည်း ယခုဆောင်ရွက်မယ့် လူထုဦးဆောင်သော ပတ်ဝန်းကျင်သန့်ရှင်းရေး စီမံချက် ဆောင်ရွက်ပြီးစီးပါက ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ်ပိုမိုကောင်းမွန်လာပြီး မစင်မှတစ်ဆင့်ကူးစက်ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ သံကောင်ရောဂါ၊ အသဲရောင်အသားဝါရောဂါများ ကူးစက်ဖြစ်ပွားမှု လျှော့နည်းကျဆင်းလာမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ပြည်သူများရောဂါကင်းဝေးပြီး ငါးနှစ်အောက်ကလေးများ ရောဂါဖြစ်ပွား/သေဆုံးမှု ကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဦးဌေးအောင်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်နေသော စီမံချက်များအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး UNICEF Myanmar မှ ဦးသန်းကျော်စိုးက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုစီမံကိန်းမန်နေဂျာ ဦးဖြိုးစည်သူဝင်းက စီမံချက်လုပ်ငန်းအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များ မရှင်းလင်းသည်များကို မေးမြန်းခဲ့ပြီး ၎င်းမှအသေးစိတ်ပြန်လည်ဖြေကြားခဲ့ပါသည်။ အခမ်းအနားအပြီးတွင် စီမံချက်တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ စီမံချက်လုပ်ငန်းများအကြောင်း၊ စာရင်းဇယား ကောက်ယူရန် နမူနာများအကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ထိုအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ NGOများမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း(၈၄) တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် UNICEF၊ MOHS တို့ ပူးပေါင်းဆောင်ရွက်သည့် ရေနှင့်သန့်ရှင်းမှု ရှေ့ပြေးစီမံချက်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ ငဖဲ၊ စလင်း၊ ပွင့်ဖြူ မြို့နယ် (၃)ခုမှ ကျေးရွာပေါင်း (၇၁၂)ရွာတွင် တောထိုင်ဓလေ့ ပပျောက်ရေးအတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံချက်ကာလသည် ယခုနှစ် (၂၀၁၉ ခုနှစ် ) ဧပြီလ (၁) ရက်မှ ၂၀၂၀ခုနှစ် မတ်လ (၃၁)ရက်အထိ (၁)နှစ် ကြာမည်ဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ ကျင်းပခြင်း

  • 2 မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ ကျင်းပခြင်း
  • 4မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ ကျင်းပခြင်း
  • 5မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ ကျင်းပခြင်း