မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ကရင်ပြည်နယ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပေါ်ခဲ့သော ရေဘေးများနှင့် ပတ်သက်၍ ဇူလိုင်လ ၂၀၁၈ ခုနှစ်တွင် စုစုပေါင်း တန်ဖိုးငွေ ( ၂,၅၅၀,၀၀၀ိ/-) နှစ်ဆယ့်ငါးသိန်းငါးသောင်း ကျပ်တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများကို ပြည်နယ် ခရိုင် မြို့နယ်ကျန်းမာရေးမှူးအသင်းများနှင့်ချိတ်ဆက်ပူးပေါင်၍ လျူဒါန်းခဲ့ပါသည်။

ကရင်ပြည်နယ်တွင် စုစုပေါင်း ၈၅၀,၀၀၀ ကျပ် -

လှိုင်းဘွဲ့မြို့နယ်နယ်တွင် ရေဘေးစခန်းများ၌လိုအပ်လျက်ရှိသော အမိုက်ပုံး ဆပ်ပြာ အိမ်သာ သန့်ရှင်းရေးသုံးပစ္စည်များ စုစုပေါင်းတန်ဖိုး (၂၀၅,၀၀၀ ) ကျပ် နှင့် ရွေ့ပြောင်းထားရသော ဆေးရုံမှ လူနာနှင့်လူနာစောင့်များ ထမင်းကျွေးနိုင်ရန် (၃၀၀,၀၀၀)ကျပ်

ဘာအံ့မြို့နယ်တွင် လိုအပ်သောအခြေခံဆေးဝါးများဝယ်ယူနိုင်ရန် (၃၅၀၀၀၀) ကျပ်

 

မွန်ပြည်နယ်တွင် စုစုပေါင်း ၇၅၀,၀၀၀ ကျပ် -

ဘီးလင်းမြို့နယ်တွင် ကားလမ်းတွင်ပိတ်မိနေသော ရေဘေးသက့်ပြည်သူများ ထမင်းထုတ်ဝေရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော ခရိုင်ကျန်းမာရေးမှူးအသင်းတာဝန်ရှိသူများမှ လိုအပ်သလို ခွဲဝေလျူဒါန်းနိုင်ရန် (၅၅၀,၀၀၀) ကျပ်

မော်လမြိုင်မြို့ တွင် ကယ်ဆယ်ရေးဆောင်ရွက်နေသော ပြည်နယ်ကျန်းမာရေးမှူးအသင်း မှ လိုအပ်သလို ခွဲဝေလျူဒါန်းနိုင်ရန် (၂၀၀,၀၀၀)ကျပ်

 

ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်း ၉၅၀,၀၀၀ ကျပ် -

ကျန်းမာရေးဝန်ထမ်းများ လုံခြုံစွာသွားလာနိုင်ရေး အတွက် lifejacket အထည် (၂၀) စုစုပေါင်းတန်ဖိုး ၃၅၀,၀၀၀ ကျပ်

ပဲခူးမြို့နယ် ရေဘေးသင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ၃၀၀,၀၀၀ ကျပ်

ရွေကျင်မြို့နယ် ရေးဘေးအတွက့်မြို့နယ်ကျန်းမာရေးမှူးအသင်းနှင့်ချိတ်ဆက်၍ ၃၀၀,၀၀၀ ကျပ်

 

နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးမှူးများအားလုံးနှင့် စီမံချက်ဝန်ထမ်းများအားလုံး သိရှိဝမ်းမြောက်နိုင်စေရန် ထုတ်ပြန်ကြေငြာအပ်ပါသည်။