ရန်ကုန် (နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လုပ်ကိုင်နေသော ကျန်းမာရေး စီမံချက်လုပ်ငန်းများ၏ ၂၀၂၀ ခုနှစ် (၉) လ တာအတွင်း လုပ်ငန်းအောင်မြင်မှုများ ပြန်လည်သုံးသပ်ခြင်း Program Review Meeting အစည်းအဝေးကို နိုဝင်ဘာလ (၆) ရက်နေ့က Video Conference စနစ်ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

တန့်ဆည် (အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ တန့်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အောက်တိုဘာလ (၁၈) ရက်က သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။
 
ရန်ကုန် (အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာ‌ရေးမှူးအသင်း အသက် (၇၅)နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုထောက်ပံ့နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ရန်ကုန်(အောက်တိုဘာလ ၄ ရက်၊ ၂၀၂၀ ခုနှစ်)