မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အသက်(၇၅) နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ပါဝင်လှူဒါန်းကြပါသော အောက်ဖော်ပြပါ အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

မကွေးမြို့ (စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှ မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အလှူငွေ ကျပ် ၈၅၀,၀၀၀(ရှစ်သိန်းငါးသောင်းတိတိ) တန်ဖိုးရှိ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး အသုံးအဆောင်ပစ္စည်းများကို စက်တင်ဘာလ (၂၁) ရက်နေ့က လှူဒါန်းပေးအပ်ခဲ့သည်။

ရန်ကုန် (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၀ ခုနှစ်)
 
ယခုလ (စက်တင်ဘာလ)အတွင်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တင်ပြလာသည့် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးမှူး( ၂၇)ဦး ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ (၁)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် -၂ (၉ )ဦး နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းစီမံချက်လုပ်ငန်းများမှ ဝန်ထမ်း(၈)ဦး စုစုပေါင်း (၄၅)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ၄၅၀၀,၀၀၀ (ကျပ်လေးဆယ့်ငါးသိန်းတိတိ)အား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ထောက်ပံပေးခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လျှက်ရှိသော Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပါဝင်လှူဒါန်းကြပါသော အောက်ဖော်ပြပါ အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် အသက်(၇၅) နှစ်နှင့်အထက် အသင်းဝင်သက်ကြီး ကျန်းမာရေးမှူးများအား လေးလတစ်ကြိမ် ဂါရဝပြုကန်တော့လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဒုတိယလေးလပတ်တွင် ဆရာကြီး ၊ ဆရာမကြီး (၁၇၆) ဦးအား တစ်ဦးလျှင် ၂၀၀၀၀ိ/- နှုန်းဖြင့် ၃,၅၂၀,၀၀၀ိ/- (သုံးဆယ်ငါးသိန်းနှင့် နှစ်သောင်းကျပ်တိတိ) ဂါရဝပြု ထောက်ပံ့နိုင်ခဲ့ပါသည်။