မုံရွာ (ဇွန်လ ၂၁ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) အသင်းရုံး အဆောက်အဦ ဆောက်လုပ်ရန်အတွက် ဇွန်လ ၂၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြေသန့်ပရိတ်များ ရွတ်ဖတ်ခဲ့ကြသည်။

ကျောက်ပန်းတောင်း (ဇွန်လ ၂၁ရက်၊ ၂၀၂၀ ခုနှစ်)

ကျောက်ပန်းတောင်းမြို့နယ် ၊ ပညာရေးဌာနမှ ပြုလုပ်သော သင်ရိုးသစ် G4 သင်တန်းကို တက်ရောက်နေကြသော မူလတန်းပြ ဆရာ/ဆရာမ ကြီးများအား Covid-19 ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ကျောက်ပန်းတောင်းမြို့နယ်ရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် (ဇွန်လ ၁၄ရက်၊ ၂၀၂၀ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း ) လေးလပါတ်အစည်းအဝေးကို တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင် ( ဇွန်လ ၁၃ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ပဲခူးတိုင်းဒေသကြီး (အရှေ့) မှ Covid-19 ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းအတွက် ဆက်စပ်ပစ္စည်းများကို ဇွန်လ ၁၃ရက်နေ့တွင် ညောင်လေးပင်မြို့ရှိ ညောင်လေးပင်မြို့နယ်ဆေးရုံတွင် အခမ်းအနားဖြင့် ထောက်ပံ့လှူဒါန်းခဲ့သည်။

ညောင်ဦး ( ဇွန်လ ၁၃ ရက်၊၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) မှ Covid-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ညောင်ဦးမြို့နယ်၊စဉ့်ကူဈေးတွင် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း (Mask Campaign) ကို ဇွန်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည်။