Print
News and Activities
Hits: 2666

ရန်ကုန်၊ (မေလ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ ကျေးရွာ (၇၁၂)ရွာတွင် ဆောင်ရွက်မည့် ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား(Staff Orientation training)ကို မေလ ၁၃ ရက်နှင့် ၁၄ ရက်တို့က ရန်ကုန်မြို့ City Golf Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်း (၂) ရက်တာ သင်တန်းအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဌ ဦးမျိုးသွင်၊ ဒုဥက္ကဌ ဆရာဦးမြသွင်၊ Head of Program ဦးစန်းလင်းဦး၊ Central Program Manager ဦးဖြိုးစည်သူဝင်း၊ UNICEF မှ Sanitation and Hygiene Officer ဖြစ်သူ ဆရာမြသန်းထွန်း၊ စီမံချက်မန်နေဂျာ ဆရာဦးအောင်သူ၊ မြို့နယ်စီမံချက်ညှိနှိုင်းရေးမှူးများ၊ငွေစာရင်းဌာနမှ ဝန်ထမ်းများ နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဝန်းထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဒုဥက္ကဌ ဆရာဦးမြသွင်က ဖွင့်ပွဲအမှာစကား ပြောကြားရာတွင် စီမံချက်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည့် Central Program Manager ဦးဖြိုးစည်သူဝင်းကို ကျေးဇူးတင်ကြောင်း၊ ရောဂါကင်းစင်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုစီမံချက်မှ ကျေးရွာများတွင် တောထိုင်ဓလေ့ ပပျောက်ပြီး ပတ်ဝန်းကျင်သန့်ရှင်းအောင် အသိပညာပေးသွားမည် ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် စီမံချက်အောင်မြင်အောင် ကြိုးစားကြရန် မှာကြားခဲ့သည်။
ထို့အပြင် ဆရာဦးမြသွင်မှ တောထိုင်ဓလေ့နှင့် ဆက်စပ်၍ ဖြစ်ပွားသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါများအကြောင်းနှင့်၎င်းကျန်းမာရေးမှူးအဖြစ်တာဝန်ထမ်းဆောင်စဉ်က ဆောင်ရွက်ခဲ့သည့် တောထိုင်ဓလေ့ပပျောက်ရေး စီမံချက်များအကြောင်း ဝေမျှပြောကြားပေးခဲ့သည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် UNICEF၊ MOHS တို့ ပူးပေါင်းဆောင်ရွက်သည့် ရေနှင့်သန့်ရှင်းရေး စီမံချက်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ ငဖဲ၊ စလင်း၊ ပွင့်ဖြူ မြို့နယ် (၃)ခုမှ ကျေးရွာပေါင်း (၇၁၂)ရွာတွင် တောထိုင်ဓလေ့ ပပျောက်ရေးအတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံချက်ကာလသည် ယခုနှစ် (၂၀၁၉ ခုနှစ်) ဧပြီလ (၁) ရက်မှ ၂၀၂၀ခုနှစ် မတ်လ (၃၁)ရက်အထိ (၁၂)လ ကြာမည်ဖြစ်သည်။
သင်တန်းတွင် စီမံချက်အောင်မြင်ရေးအတွက် နည်းစနစ်၊ အတွေ့အကြုံများကို စီမံချက်ဆိုင်ရာ အကြီးအကဲများမှ ပို့ချရှင်းလင်းခဲ့ပြီး Finance Department၊ HR Department၊ IT Department များမှလည်း လုပ်ငန်းဆိုင်ရာ သဘောတရားများ ရှင်းလင်းပေးခဲ့ကြသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား

  • 2 ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 3ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 4ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 6ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 7 ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 8 ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 10 ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား
  • 9 ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား