Print
News and Activities
Hits: 2616

ရွှေဘို၊ (မေလ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်)
မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီသည် ရွှေဘိုမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံးတွင် ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး စီမံချက်(Reaching Equitable Access to Health through Local Empowerment)၏ စီမံချက်ဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများနှင့် မေလ ၁၅ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

001
မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီသည် စီမံချက်၏အောင်မြင်မှုများနှင့် အခက်အခဲများကို လေ့လာဆန်းစစ်ရန်၊ လိုအပ်ချက်များကို ကူညီဖြေရှင်းရန်၊ ဒေသတွင်း ကျန်းမာရေးဆိုင်ရာ ပြသနာများသိရှိနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်ဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများအား လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

002ထိုသို့တွေ့ဆုံစဉ်တွင် စီမံချက်ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပါတ်သက်၍ စီမံချက်၏ လက်ရှိဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား အကြံပြုခြင်း၊ ၂၀၁၄ မှ ၂၀၁၈ အထိ လုပ်ငန်းကာလအတွင်း ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းအခက်အခဲများ ဆန်းစစ်အကြံပြုခြင်း၊ Township Health Department နှင့် Implementing Partner များချိတ်ဆက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်း လမ်းညွှန်မှုများပေးခြင်း၊ စီမံချက်ဝန်ထမ်းများနှင့်စေတနာ့ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခြင်း၊ လူထုအခြေပြု စေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်း၍ Community ၏ ကျန်းမာရေးလိုအပ်ချက်များ မေးမြန်းညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

006
ယင်းတွေ့ဆုံပွဲတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နှင်းရေး)၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)၊ တိုင်းတီဘီဆရာဝန်ကြီး၊ အမျိုးသား တီဘီ/ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ တာဝန်ခံများ၊ WHO နှင့် Donor Agency များမှ အကြီးအကဲများ၊ မိတ်ဖက်အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒုတိယ ဥက္ကဌ ဦးမြသွင်နှင့် စီမံချက်ဝန်ထမ်းများ ၊ စေတနာ့ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း