Print
News and Activities
Hits: 2421

ပွင့်ဖြူ၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်


ရေနှင့်သန့်ရှင်းမှုရှေ့ပြေးစီမံချက်ဖြစ်သည့် တောထိုင်ဓလေ့ပပျောက်ရန် ရည်ရွယ်ဆောင်ရွက်သော “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” ၏ မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဇွန်လ (၁၁) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအသိပေးရှင်းလင်းပွဲအခမ်းအနားကို ပွင့်ဖြူမြို့နယ်၊ မြို့နယ်ဆေးရုံခန်းမ၌ ကျင်းပခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိမ်း၊ မြို့နယ် ကျန်းမာရေးအရာရှိ ဒေါက်တာ ဖုံးသက်ထွန်း၊ မြို့နယ် သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်သန်း၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ UNICEF Myanmar၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ နှင့် ပွင့်ဖြူမြို့နယ် အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၁၇) ယောက် တက်ရောက်ပါဝင်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးပြည့်ဖြိုးကျော်က အမှာစကားပြောကြားခဲ့ရာ ယခုကဲ့သို့ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များဆောင်ရွက်ရာတွင် အသိပေးရှင်းလင်းပွဲကျင်းပပြီး ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်းအားဖြင့် အများပြည်သူများနှင့် တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုများ ရရှိစေမည်ဖြစ်ပြီး စီမံချက်အောင်မြင်ရေးအတွက် အထောက်အကူဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခမ်းကဏ္ဍ တွင်ပါဝင်သည့်အတွက် ပြည်သူလူထုများကလည်း စီမံချက်တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည်။


ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးမင်းသိမ်းမှလည်း အမှာစကားပြောကြားခဲ့ရာတွင် အများပြည်သူများအနေဖြင့် ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းထားရှိခြင်းဖြင့် ဝမ်းလျှောဝမ်းပျက်၊ သွေးလွန်တုပ်ကွေး အစရှိသော ရောဂါများ ကာကွယ်နိုင်မည်ဖြစ်ပြီး “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” တွင် အများပြည်သူများနှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
“လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက် အတွက် အသိပညာပေးလုပ်ငန်းတွေကို ကျောင်းတွေမှာရှိတဲ့ ကျောင်းသားတွေရဲ့အလေ့အထတွေ ကောင်းသည်ထက်ကောင်းလာအောင် အဓိကထားလုပ်ဆောင်သင့်တယ်။ ဥပမာ - ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးမှာ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဆောင်ပုဒ်တွေ ကျောင်းတွေမှာ ချိတ်ထားတာမျိုးတွေ၊ ပညာပေးတာတွေ အလေးထားဆောင်ရွက်သင့်တယ်” ဟု ၎င်းအသိပေးရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက စီမံချက်နှင့် ပတ်သက်ပြီး အခမ်းအနားပြီး မေးမြန်းရာတွင် ယခုကဲ့သို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
“လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲအခမ်းအနားများကို စီမံချက် နယ်မြေများဖြစ်သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ ပွင့်ဖြူ မြို့နယ် (၃) မြို့နယ်လုံး၌ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် UNICEF၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်သည့် ရေနှင့်သန့်ရှင်းမှု ရှေ့ပြေးစီမံချက်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ ငဖဲ၊ စလင်း၊ ပွင့်ဖြူ မြို့နယ် (၃)ခုမှ ကျေးရွာပေါင်း(၇၁၂)ရွာတွင် တောထိုင်ဓလေ့ ပပျောက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံချက်ကာလသည် ယခုနှစ် (၂၀၁၉ ခုနှစ် ) ဧပြီလ (၁) ရက်မှ ၂၀၂၀ခုနှစ် မတ်လ (၃၁)ရက်အထိ (၁)နှစ် ကြာမည်ဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

“လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပ

  • 2 “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပ
  • “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပ
  • “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပ
  • “လူထုဦးဆောင်သော အလုံးစုံသန့်ရှင်းရေးစီမံချက်” မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပ