Print
News and Activities
Hits: 3045

သံတွဲ (ဇွန်လ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ့်စေတမန် စီမံချက်တို့ ပူးပေါင်း၍ “ကျန်မာပျော်ရွှင်ဘဝသံစဉ်” ခေါင်းစဉ် ဖြင့် Youth ASRHR သင်တန်းတစ်ရပ်ကို ငပလီ နန်း ချယ်ရီ Guest House တွင် ဇွန်လ ၂၆ မှ ၂၉ အထိ ၄ရက်ကြာ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဦးဆောင်၍ “ကျန်းမာပျော်ရွှင်ဘဝသံစဉ်” ခေါင်းစဉ်ဖြင့် ၄ ရက်တာ လူငယ်သင်တန်းတစ်ရပ်ကို ငပလီတွင်ပြုလုပ်ခဲ့

၎င်းသင်တန်းကို Access to Health Fund အထောက်အပံ့ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတွင် လူငယ်အများစု၏ မှားယွင်းသော အယူအဆများ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတများ၊ မှန်ကန်သော ဆုံးဖြတ် ချက်ချနိုင်စေရန်နှင့် အခြားလူငယ်များအား ထပ်ဆင့် ပညာပေးနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းမှ ဦးဆောင်ကာ ပြုလုပ်ပေးခဲ့ပါသည်။

၎င်းသင်တန်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာနေဝင်းက သင်တန်းဆရာအဖြစ် ဦးဆောင် သင်ကြားပေးခဲ့ပြီး ဒေါ်စုနန္ဒာအောင်၊ ဦးမြတ်ဖြိုးအောင် နှင့်ဒေါ်ခင်စုရီ တို့မှ ကူညီသင်ကြားပေးခဲ့ပါသည်။

၎င်းသင်တန်းတွင် ရခိုင်လူငယ်များ၊ ချင်းလူငယ်များ၊ ကမန်လူငယ်များ နှင့် ဗမာ လူငယ်များ စသည့် လူမျိုးစုံ ပါဝင်ခဲ့ပြီး သံတွဲမြို့နယ်မှ လူငယ် ၁၄ယောက်၊ တောင်ကုတ်မြို့နယ်မှ ၂ယောက်၊ အမ်းမြို့နယ်မှ ၂ယောက်၊ ကျောက်ဖြူမြို့နယ်မှ ၂ ယောက်၊ IOM မှ ၆ ယောက်၊ RI မှ ၂ ယောက် နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဝန်ထမ်း ၇ ယောက် စုစုပေါင်း သင်တန်းသား ၃၅ ယောက်တက်ရောက်ခဲ့ပါသည်။

ထို့အပြင် ဆယ်ကျော်သက်အရွယ်နှင့် ပတ်သက်သော ပြောင်းလဲမှုများ၊ မျိုးဆက်ပွားကျန်းမာရေး၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ လူငယ်နှင့် မူးယစ်ဆေး၊ ကာယိန္ဒြေပျက်ပြားစေမှု၊ လူငယ်နှင့် ကျား မရေးရာ နှင့် လူငယ်ဘဝ အနာဂတ်ရေးရာ များအား သင်ခန်းစာ၊ သာဓကများ၊ group work presentation များ ပြုလုပ်၍ သင်ကြားပေးခဲ့ပါသည်။

သင်တန်းနေုာက်ဆုံးရက်တွင် လူငယ်များအချင်းချင်း ပိုမိုချစ်ခင်ရင်းနှီးစေရန်နှင့် ပျော်ရွှင်မှုများရရှိစေရန်အဖွဲ့လိုက် ဂစ်တာတီး သီချင်းဆိုခြင်း အစီအစဉ်များ လုပ်ဆောင်ခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင် သင်တန်းတက်ရောက်သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဦးဆောင်၍ “ကျန်းမာပျော်ရွှင်ဘဝသံစဉ်” ခေါင်းစဉ်ဖြင့် ၄ ရက်တာ လူငယ်သင်တန်းတစ်ရပ်ကို ငပလီတွင်ပြုလုပ်ခဲ့

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဦးဆောင်၍ “ကျန်းမာပျော်ရွှင်ဘဝသံစဉ်” ခေါင်းစဉ်ဖြင့် ၄ ရက်တာ လူငယ်သင်တန်းတစ်ရပ်ကို ငပလီတွင်ပြုလုပ်ခဲ့