Print
News and Activities
Hits: 1671

မန္တလေးမြို့ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး)၏ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းကို ဇူလိုင်လ (၂၇) ရက်က မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့် နှင့် အတွင်းရေးမှူး ဦးဝင်းဌေး မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးကျော်ကျာ်ဦး နှင့် သက်ဆိုင်ရာ မြို့နယ် ခရိုင်အလိုက်ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၉ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားပထမပိုင်း သက်ကြီးပူဇော်ပွဲအခမ်းအနားအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးဌာနမှူး ဒေါက်တာယုယုဝေ နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နာယကအဖွဲ့ဝင် ဆရာကြီးဦးအုန်းမောင်တို့မှ အမှာစကားပြောကြားခဲ့ကြသည်။


ထို့နောက် အသက် (၇၀) နှစ်အထက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင် ဆရာကြီး၊ ဆရာမကြီးများအား အသင်းသူ/အသင်းသားများမှ လက်ဆောင်ပစ္စည်းများဖြင့် ဂါဝရပြုကန်တော့ခဲ့ကြသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) အမှုဆောင်အဖွဲ့ဝင် ဆရာဦးဘမောင်မှ ယခုကဲ့သို့ သက်ကြီးပူဇော်ပွဲကျင်းပနိုင်ခြင်းအတွက် ဝမ်းမြှောက်ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် အသင်း၏အစဉ်အလာကောင်းများကို ထိန်းသိမ်းပြီး ပြည်သူလူထု၏အကျိုးကို ပိုမိုဆောင်ရွက်နိုင်သော အသင်းဖြစ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သက်ကြီးပူဇော်ပွဲ အခမ်းအနား အစီအစဉ်အပြီးတွင် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး (မန္တလေးတိုင်းဒေသကြီး)ကို ဆက်လက်ကျင်းပခဲ့ကြပြီး အသင်း၏လုပ်ငန်းကိစ္စများကို ဗဟိုအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်မှလည်းကောင်း၊ ရွေးချယ်တင်မြှောက်ရေး ကိစ္စရပ်များကို ဗဟို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာများကို သက်ဆိုင်ရာအုပ်စုအလိုက် ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း