Print
News and Activities
Hits: 1965

မွန်ပြည်နယ် (သြဂုတ်လ၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နှင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း၊ မွန်ပြည်နယ်ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ရေဘေးဒုက္ခခံစားနေရသည့် မွန်ပြည်နယ်ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကို ပြည်နယ်ကျန်းမာရေးဦးစီဌာနနှင့် ညှိနှိုင်းတိုင်ပင်၍ စုစုပေါင်းငွေကျပ် (၆၀၀၀၀၀၀ိ/-) (သိန်းခြောက်ဆယ်) တန်ဖိုးရှိ ငွေကြေးနှင့် ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သြဂုတ်လ (၁၁) ရက်တွင် မွန်ပြည်နယ်ကျန်းမာရေးမှူးအသင်းမှ မော်လမြိုင်မြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ငွေကျပ် (၁၈၄၀၀၀ိ/-) (တစ်သိန်းရှစ်သောင်းလေးထောင်) တန်ဖိုးရှိ ဆန်အိတ်များနှင့် ငွေများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်းမှလည်း ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင် မြေပြိုမှုကြောင့် မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံနှင့် သထုံပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသော လူနာ (၃၆) ဦးအား စုစုပေါင်းငွေကျပ် (၅၄၀၀၀၀ိ/-) (ငါးသိန်းလေးသောင်း) အား ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

သြဂုတ်လ (၁၂) ရက်တွင် သထုံမြို့နယ်ကျန်းမာရေးမှူးအသင်းမှ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင် မြေပြိုမှုကြောင့် သထုံမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသော လူနာ (၆) ဦးအား စုစုပေါင်း ငွေကျပ် (၁၂၀၀၀၀ိ/-) (တစ်သိန်းနှစ်သောင်း) အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းမှလည်း မော်လမြိုင်မြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား စုစုပေါင်းငွေကျပ် (၅၀၈၅၀၀ိ/-) (ငါးသိန်းရှစ်ထောင်ငါးရာ) တန်ဖိုးရှိ ဆန်အိတ်နှင့် ဆီပုံးများထောက်ပံ့ခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ညှိနှိုင်းတိုင်ပင်၍ မွန်ပြည်နယ် ရေး၊ ကျိုက်မရော နှင့် မော်လမြိုင်မြို့နယ်များရှိ ရေဘေးဒုက္ခခံစားနေရသော အခြေခံကျန်းမာရေးဝန်ထမ်း (၁၂၃)ဦးအတွက် စုစုပေါင်းငွေကျပ် (၁၃၀၀၀၀၀ိ/-) (တစ်ဆယ့်သုံးသိန်း) တိတိအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေးနှင့် ကျိုက်မရောမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများကိုလည်း စုစုပေါင်း (၂၆၀၀၀၀၀ိ/-) (နှစ်ဆယ့်ခြောက်သိန်း) ကျော် တန်ဖိုးရှိ ဆန်အိတ် (၆၀)အား ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်းမှ လှူဒါန်းခဲ့ပြီး ကျန်ရှိနေသော ငွေကျပ် (၉၀၀၀၀၀ိ/-) (ကိုးသိန်း) ကို မွန်ပြည်နယ်အတွင်းရှိ ရေဘေးဒုက္ခခံစားနေရသော အခြေခံကျန်းမာရေးဝန်ထမ်းများအား ဆက်လက်လှူဒါန်းပေးအပ်သွားပါမည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)နှင့် တိုင်း/ပြည်နယ်အသင်းများသည် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ သဘာဝဘေးဒုက္ခခံစားနေရသည့် ဒေသများရှိ ပြည်သူလူထု၏ လူမှုဘဝများ ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း 

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) နှင့် တိုင်း/ပြည်နယ်အသင်းများ ပူးပေါင်း၍ ရေဘေးဒုက္ခခံစားနေရသည့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများကို ထောက်ပံ့လှူဒါန်း

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) နှင့် တိုင်း/ပြည်နယ်အသင်းများ ပူးပေါင်း၍ ရေဘေးဒုက္ခခံစားနေရသည့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများကို ထောက်ပံ့လှူဒါန်း