Print
News and Activities
Hits: 1743

မုံရွာမြို့ (သြဂုတ်လ ၄ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး)၏ မျက်နှာစုံညီအစည်းအဝေးကို သြဂုတ်လ (၄) ရက်က မုံရွာမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) မှ ဆောင်ရွက်နေသော လုပ်ငန်းများကို အသင်းဝင်များကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးလုပ်ငန်းများကို အသင်းဝင်များသိရှိနိုင်စေရန်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ အကြံပြုတင်ပြနိုင်ရန် နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) အသင်းရုံး ဆောက်လုပ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) နာယက ဦးတင့်မှ အမှာစကားပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်း ဥက္က္ကဋ္ဌဟောင်း ဦးတင်ဆွေမှ အသင်းဖွံ့ဖြိုးရေးဆောင်ရွက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အသင်းရုံးဆောက်လုပ်ရေးအတွက် ရန်ပုံငွေရရှိမှုနှင့် တိုင်းအသင်း ရံပုံငွေစာရင်းများကို သက်ဆိုင်ရာ ငွေစာရင်းတာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ပြီး အသင်းရုံးဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)၏ လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များကို ဥက္ကဌ ဦးမျိုးသွင်မှလည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့်နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့မှလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များ ပြည်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

သြဂုတ်လ (၄) ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး)၏ မျက်နှာစုံညီအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များ၏ သား/သမီးများထဲမှ (၂၀၁၈-၁၉ ပညာသင်နှစ်) တက္ကသိုလ်ဝင်တန်း ထူူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း