Print
News and Activities
Hits: 1629

ပြည်မြို့ (သြဂုတ်လ ၁၀ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ပဲခူးအနောက်)၏ မျက်နှာစုံညီအစည်းအဝေးကို သြဂုတ်လ (၁၀) ရက်က ပြည်မြို့ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) မှ ဆောင်ရွက်နေသော လုပ်ငန်းများကို အသင်းဝင်များကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးလုပ်ငန်းများကို အသင်းဝင်များသိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအသင်းမှ အကြံပြုတင်ပြနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ပဲခူးအနောက်) ဥက္ကဋ္ဌ ဦးသန်းဌေးအောင်မှ အမှာစကားပြောကြားခဲ့ကာ ပဲခူးတိုင်းဒေသကြီးအသင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)၏ လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များကို ဥက္ကဌ ဦးမျိုးသွင်မှလည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့်နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့မှလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များ ပြည်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ပဲခူးအနောက်) ဥက္ကဋ္ဌ ဦးသန်းဌေးအောင်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမျိုးသွင်၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်စိန်ညွှန့် နှင့် အတွင်းရေးမှူး ဦးဝင်းဌေး ပဲခူးတိုင်းဒေသကြီးမှ သက်ဆိုင်ရာ မြို့နယ် ခရိုင်အလိုက်ကိုယ်စားလှယ်များ စုစုပေါင်း ၂၃ ဦး တက်ရောက်ပါဝင်ခဲ့သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း