Print
News and Activities
Hits: 1906

အမ်းမြို့ (သြဂုတ်လ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်)
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ (၂၂) ရက်က အမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


၎င်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးကိုကိုမြတ် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများ၊ NGO / INGO များမှ တာဝန်ရှိသူများ ၊ ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များ စုစုပေါင်း (၁၄၁) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးကိုကိုမြတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုး မှ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု၏ အဟာရဖွံ့ဖြိုးမှုအခြေအနေများအကြောင်းနှင့် အမ်းမြို့နယ်တွင် ဆောင်ရွက်လျှက်ရှိသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်အေးက စနစ်တကျ မိခင်နို့တိုက်ကျွေးနည်းနှင့် အာဟာရအုပ်စု စုံလင်စွာချက်ပြုတ်ခြင်းတို့အား သရုပ်ပြရှင်းလင်းပေးခဲ့သည်။


၎င်းအခမ်းအနားတွင် ကိုယ်ဝန်ဆောင်/ နို့တိုက်မိခင်များအား ကြက်ဥနှင့် အိုင်အိုဒင်းဆားများလက်ဆောင်ပေးခြင်း၊ ငါးနှစ်အောက်ကလေးများအား ဗီတာမင် (A) တိုက်ကျွေးခြင်း၊ အခမ်းအနားတက်ရောက်သူများအား အာဟာရကြက်သားဆန်ပြုတ်နှင့် ကြက်သားထမင်းကြော်များ ဧည့်ခံကျွေးမွေးခဲ့ပါသည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း