Print
News and Activities
Hits: 1538

အောက်တိုဘာလ (၂) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဌေးအောင်၊ Central Program Manager ဦးသန့်ဇော်၊ Deputy Central Program Manager ဦးမျိုးချစ် တို့ အဖွဲ့သည် မိုင်းဖြတ်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံးသို့ သွားရောက်ခဲ့ပြီး စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ စီမံချက်လုပ်ငန်း ကိစ္စများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဦးဌေးအောင် နှင့် Central Program Manager ဦးသန့်ဇော်တို့က အသင်းနှင့်ပတ်သက်သည့် အခြေအနေ အကြောင်းအရာများ ပြောကြားခဲ့ပြီး စီမံချက်ဝန်ထမ်းများ၏ မေးမြန်း/ပြောကြားချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက်များကို ဆောင်ရွက်လျှက်ရှိသည်။ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့တွင် ရှမ်းလူမျိုး၊ အင်လူမျိုး၊ လားဟူလူမျိုး၊ ကချင်လူမျိုး စသည့်လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျှက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး ဘာသာစကားအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလွယ်ကူစွာ ရရှိနိုင်ရန် အခက်အခက်များရှိနေသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီစွာရရှိရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်သော ထောက်ပံ့ကူညီမှုများပေးအပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောမှုများပြုလုပ်ခြင်း စသည့်နယ်ပယ်စုံ/နည်းလမ်းစုံဖြင့် ပံ့ပိုးကူညီလျှက်ရှိသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း